တာချီလိတ်မြို့နယ် ထွေ/အုပ်ရှိ ၀န်ထမ်းသားသမီးများအား ပညာရေးထောက်ပံ့

တာချီလိတ်မြို့နယ် ထွေ/အုပ်ရှိ ၀န်ထမ်းသားသမီးများအား ပညာရေးထောက်ပံ့
ဇူလိုင် 4, 2015
By Tachileik News Agency

တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းသား/သမီးများအား ၂၀၁၅ - ၂၀၁၆ ခုနှစ် ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်မှုကို ယနေ့ ၂၀၁၅ခုနှစ် ဇူလိုင်လ(၄)ရက် နံနက်ပိုင်းက ပြုလုပ်ရာ စုစုပေါင်းတန်ဖိုးငွေမှာ ကျပ်(၅)သိန်းခွဲကျော်ကြောင်း သိရသည်။

မြို့နယ် ထွေ/အုပ် ၀န်ထမ်းများ၏ သား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ရာတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် နှင့် မြို့နယ်မိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အေးသန္တာကျော်တို့မှ တစ်ဦးချင်းစီအလိုက် အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုသို့ ပေးအပ်ရာတွင် ထက်/လယ်/မူအပြင် မူကြိုကျောင်းသား၊ ကျောင်းသူများ နှင့် တက္ကသိုလ်ကျောင်းသား/သူများ အပါအ၀င်ဖြစ်ပြီး ထောက်ပံ့ငွေ နှင့် ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်(၅၆၆၀၀၀)ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ကြော်ငြာ ~~~~~~~