ထိုင်း - မြန်မာ နယ်စပ်တွင် တစ်နေ့တည်း ငလျင်နှစ်ကြိမ်လှုပ်သွား

ထိုင်း - မြန်မာ နယ်စပ်တွင် တစ်နေ့တည်း ငလျင်နှစ်ကြိမ်လှုပ်သွား
မေ 24, 2015
By Tachileik News Agency

ယနေ့ ၂၀၁၅ခုနှစ် မေလ(၂၄)ရက် နေ့လည်ပိုင်းက ထိုင်း - မြန်မာနယ်စပ်တွင် ငလျင်နှစ်ခါလှုပ်သွားပြီး မြန်မာဘက်တွင် လှုပ်ခတ်သွားသည့် ငလျင်အင်အားမှာ (၅.၁) ရစ်ခ်ျတာစကေးရှိကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာနမှ သိရသည်။

မေလ(၂၄)ရက် နေ့လည်(၁၂း၅၈)နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ ချင်းရိုင်းခရိုင်အတွင်း ငလျင်အင်အား (၁.၆) ရစ်ခ်ျတာစကေးရှိ အသေးစား ငလျင်တစ်ခုလှုပ်သွားခဲ့ပြီးနောက် တာချီလိတ်မြို့သို့ အဖျားခတ်လှုပ်သွားခဲ့သည်။

နေ့လည်(၁၃း၀၀)နာရီဝန်းကျင်တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ မိုင်းဆတ်မြို့ နှင့် မိုင်းတုံမြို့အကြား ငလျင်အင်အား (၅.၁) ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ(၂၂)ရက်နေ့က မကွေးတိုင်းဒေသကြီး အတွင်းရှိ မြိုင်မြို့တွင်လည်း ငလျင်အင်အား (၃.၅) ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း ထိုင်းနိုင်ငံငလျင်တိုင်းတာရေးဌာနမှ သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~