တာချီလိတ် ရွှေတိဂုံစေတီတော်ရှိ အရံစေတီ (၂၄)ဆူအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမည်ဖြစ်ရာ အလှူရှင်များ ပါဝင်နိုင်

တာချီလိတ် ရွှေတိဂုံစေတီတော်ရှိ အရံစေတီ (၂၄)ဆူအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမည်ဖြစ်ရာ အလှူရှင်များ ပါဝင်နိုင်
မေ 4, 2015
By Tachileik News Agency

တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်၏ အရံစေတီတော်များအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမှုအဖြစ် စတင်ဆောင်ရွက်နေပြီဖြစ်ရာ ပါဝင်လှူဒါန်းလိုသူများ အနေဖြင့် တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ အလှူခံဌာနတွင် လာရောက်လှူဒါန်းနိုင်ကြောင်း မြို့နယ်ဂေါပကအဖွဲ့မှ သိရသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်ကြီး၏ ဘေးပတ်လည်တွင် အရံစေတီများဖြင့် ၀န်းရံတည်ထားလျက်ရှိရာ အရံစေတီ စုစုပေါင်း (၂၄)ဆူရှိပြီး အရံစေတီတစ်ဆူလျှင် ကျပ်ငွေ (၄၇)သိန်း သို့မဟုတ် ထိုင်းဘတ်ငွေ (၁၅၀,၀၀၀)ဘတ်ဖြင့် လှူဒါန်းနိုင်မှာဖြစ်ကြောင်းနှင့် မိမိတို့ တတ်နိုင်သမျှဖြင့်လည်း ပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။

"အရံစေတီတော် စုစုပေါင်း (၂၄)စုမှာ (၆)ဆူကတော့ အလှူရှင်ရှိပါပြီ ကျန်တဲ့ အရံစေတီများအတွက် အလှူရှင် လိုအပ်နေပါသေးတယ်၊ အလှူရှင်များအနေနဲ့ တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်မှာရှိတဲ့ အလှူခံဌာနမှာ လာရောက် လှူဒါန်းနိုင်သလို၊ ဖုန်းနံပါတ် ၀၈၄၅၁၅၁၈ ကနေ တဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်..."ဟု တာချီလိတ်ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ဝင် တစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုလက်ရှိတွင်  လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် လှူဒါန်းထားသည့် အလှူရှင်များမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစု၊ ဦးတင်ဝင်းရွှေ + ဒေါ်ဝင်းဝင်းသန့် မိသားစု၊ ဦးထွန်းထွန်းဝင်း + ဒေါ်အေးသန္တာကျော် မိသားစု၊ ဦးစိုင်းလှ + ဒေါ်နန်းနွဲ့ ( စိုင်းလှ ကားပစ္စည်းဆိုင် )မိသားစု၊ ဦးစိုင်းယီတစ် + ဒေါ်နန်းဝိုးတစ် မိသားစု နှင့် ဦးမြင့်လွင် + ဒေါ်နန်းမွေ မိသားစု တို့မှ လှူဒါန်းထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~