ဘေကျင်းဆေးရုံတွင် (၃)နှစ်ကျော်အကြာ ဆေးကုခံသူအား ဆေးရုံမှ မဆင်း၍ သံကြိုးများဖြင့် ချည်နှောင်ကာ အိမ်သို့ ပို့ဆောင်ရ

ဘေကျင်းဆေးရုံတွင် (၃)နှစ်ကျော်အကြာ ဆေးကုခံသူအား ဆေးရုံမှ မဆင်း၍ သံကြိုးများဖြင့် ချည်နှောင်ကာ အိမ်သို့ ပို့ဆောင်ရ
ဖေဖော်ဝါရီ 25, 2015
By Tachileik News Agency

တရုတ်နိုင်ငံ ဘေကျင်းဆေးရုံတွင် အမျိုးသားတစ်ဦးသည် (၃)နှစ်အကြာ ဆေးရုံမှ မဆင်းသဖြင့် တရားရုံးအမိန့်ဖြင့် နှင်ထုတ်ခံရသည့် အဖြစ်နှင့် ကြုံတွေ့ရသည်။

လွန်ခဲ့သည့် အင်္ဂါနေ့က ဘေကျင်းဆေးရုံမှာ အသက်(၅၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဟာ ဆေးကုသမှု ပြီးဆုံးသွားသော်လည်း ဆေးရုံမှ အိမ်သို့ပြန်ခြင်း မပြုသဖြင့် လုံခြုံရေးအဖွဲ့ဝင်တွေမှ သံကြိုးများဖြင့် ချည်နှောင်ကာ ကားပေါ်သို့ ခေါ်ဆောင်ပြီး နေအိမ်သို့ ပြန်ပို့ခဲ့ရသည်။

ဆေးရုံမှ မဆင်းလိုသူ မစ္စတာချန်ဆိုသူဟာ တရုတ်နိုင်ငံ၊ Mentougou ပြည်နယ်၊ Beijin Jing Mei ဆေးရုံမှာ ယာဉ်မတော်တဆမှုဖြင့် ၂၀၁၁ ခုနှစ်ခန့်က ဆေးကုသမှုခံယူခဲ့ပြီး နှစ်လခန့်အကြာတွင် ခြေထောက်အား ဆေးကုသမှု ခံယူမည်ဟုဆိုကာ ဆေးရုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဆေးရုံမှာ ၎င်းအား ၂၀၁၂ ခုနှစ်တွင် အိမ်ပြန်ခွင့်ပေးခဲ့သော်လည်း ငြင်းဆန်ခဲ့ပြီး ၎င်းသည် မူးယစ်ဆေးဝါးသုံးစွဲထားသည့်အတွက် ဆေးဖြတ်ရန်ဟုအကြောင်းပြကာ ဆေးရုံမှမဆင်းခဲ့ဘဲ ကုသမှု ဆက်လက်ခံယူခဲ့တာဖြစ်ကြောင်း သိရသည်။

နောက်ဆုံး တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များမှ တရားရုံး၏ အမိန့်ဖြင့် အိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ရာ ငြင်းဆန်သဖြင့် သံကြိုးများဖြင့် ချည်နှောင်၍ သော့များဖြင့်ခတ်ကာ အိမ်ပြန်ပို့ခဲ့ခြင်းဖြစ်ရာ  ၎င်းမှ“ကျွန်တော်ကို အိမ်ပြန်မပို့ပါနဲ့ ဆေးကုသမှုခံယူချင်လို့ပါ”ဟု အော်ဟစ်နေကြောင်းသိရသည်။

ဘာသာပြန်။  ။ ဇက်(Z)
Ref; CCTVNEWS

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~