ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အမိန့်ချမှတ်ထားသော မော်တော်ဆိုင်ကယ် (၁၁၂)စီးကို တာချီလိတ်ခရိုင်တရားရုံးတွင် လေလံတင်ရောင်းချမည်

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အမိန့်ချမှတ်ထားသော မော်တော်ဆိုင်ကယ် (၁၁၂)စီးကို တာချီလိတ်ခရိုင်တရားရုံးတွင် လေလံတင်ရောင်းချမည်
ဖေဖော်ဝါရီ 25, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်တရားရုံးတွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အမိန့်ချမှတ်ထားသော သက်သေခံ မော်တော်ဆိုင်ကယ်များကို လေလံတင်ရောင်းချမှုအဖြစ် တာချီလိတ်ခရိုင် တရားရုံးအတွင်း၌ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီ အချိန်ထိ ပြုလုပ်မှာ ဖြစ်ရာ လေလံတင်ရောင်းချမည့် မော်တော်ဆိုင်ကယ်များမှာ အမျိုးအစားစုံလင်ပြီး အစီး အရေအတွက်မှာ (၁၁၂)စီး ရှိကြောင်း သိရသည်။

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော သက်သေခံ မော်တော်ဆိုင်ကယ်များကို လေလံတင် ရောင်းချပေးရာတွင် ၀ယ်ယူလိုသူများ အနေဖြင့် မြန်မာနိုင်ငံသား ဖြစ်သူ မည်သူမဆို နိုင်ငံသားစိစစ်ရေး ကတ်ပြားပြသ၍ ၀ယ်ယူနိုင်မှာဖြစ်ပြီး လေလံဆွဲဝယ်ယူလိုသူများ အနေဖြင့် Lot တစ်ခုချင်းစီအတွက် ကြိုတင်ငွေ ကျပ်(၂)သိန်းကို ပေးသွင်းထားပြီးမှသာ ၀ယ်ယူနိုင်မှာ ဖြစ်ကြောင်း လေလံတင်ရောင်းချရေးအဖွဲ့မှ သိရသည်။

လေလံတင်ရောင်းချမည့် မော်တော်ဆိုင်ကယ်များကို မျက်မြင်အခြေအနေအရ အိတ်ဖွင့် လေလံစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး လိုင်စင်မရှိသော မော်တော်ဆိုင်ကယ်များကို တရားဝင် ယာဉ်မှတ်ပုံတင် ရရှိရေး နှင့် လိုင်စင်ရှိသော မော်တော်ဆိုင်ကယ်များကို ယာဉ်သက်တမ်း တိုးရေး ကိစ္စရပ်များ အတွက် လေလံဆွဲဝယ်ယူသူ အစီအစဉ်ဖြင့်သာ သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း လေလံရောင်းချရေးအဖွဲ့မှ  အသိပေးထားကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~