တာချီလိတ်မြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းမှ နွေရာသီ ကာလအတွင်း ရှမ်းလူငယ်များအား ရှမ်းစာပေ သင်ကြားပေးနိုင်ရေး အတွက် ပဏာမ ဆွေးနွေး

တာချီလိတ်မြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းမှ နွေရာသီ ကာလအတွင်း ရှမ်းလူငယ်များအား ရှမ်းစာပေ သင်ကြားပေးနိုင်ရေး အတွက် ပဏာမ ဆွေးနွေး
ဖေဖော်ဝါရီ 26, 2015
By Tachileik News Agency

တာချီလိတ်မြို့ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူးပြီး နွေရာသီကာလအတွင်း ရှမ်းလူငယ်များအား ရှမ်းစာပေ တတ်သိနားလည်စေရန် အတွက် ရပ်ရွာတိုင်း၌ သင်ကြားပေးနိုင်ရေး ကိစ္စနှင့် ပတ်သက်၍ အကောင်အထည်ဖော်ရန် ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်တွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ၀မ်ကောင်းမွန်ကျေးရွာရှိ ဦးစိုင်းတီ၏ နေအိမ်၌ ပဏာမညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

"အရင်နှစ်ကတော့ မိုင်းကိုးနဲ့ မိုင်းဖုန်းအပြင် တာလေက ရွာတွေမှာ ရှမ်းစာပေ သင်ပေးဖြစ်ခဲ့ကြပါတယ်၊ ဒီနှစ်တော့ ရပ်ရွာတိုင်းနဲ့ ဖြစ်နိုင်ရင် မြို့ပေါ်က ကျောင်းတွေမှာလည်း ခွင့်ပြုချက်ယူပြီး သင်ကြားပေးနိုင်ရေး အတွက် ရွာသူရွာသားတွေရဲ့ သဘောထားကိုလည်း သိရအောင်လို့ ဆွေးနွေး ကြပါတယ်၊ ဒီအကြိမ်ကတော့ ပဏာမပေါ့၊ ဒုတိယအကြိမ် အဖြစ် (၇.၃.၂၀၁၅)ရက်နေ့မှာ အခု အစည်းအဝေးလုပ်တဲ့ ဦးစိုင်းတီရဲ့ အိမ်မှာဘဲ ထပ်လုပ်ဦးမှာဖြစ်လို့ ရှမ်းစာပေသင်ကြားပေးနိုင်ရေးအတွက် အကြံပြုဆွေးနွေးလိုသူ မည်သူကိုမဆို ဖိတ်ခေါ်ပါတယ်"ဟု တာချီလိတ်မြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးစိုင်းနွံတွီက ပြောသည်။

ရှမ်းလူငယ်များအား ရှမ်းစာပေကို ရပ်ရွာတိုင်း၌ သင်ကြားပေးနိုင်ရေးနှင့် သင်ကြားရေးဖြစ်မြောက်ရန် အတွက် လိုအပ်သည့် ရန်ပုံငွေများနှင့် စာအုပ်များအပြင် သင်ကြားရေး ဆရာ အရေအတွက်ကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြသည့်အပြင် သင်ကြားပေးနိုင်မည့် တည်နေရာ ရွေးချယ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း  ဦးစိုင်းနွံတွီ၏ ပြောကြားချက်အရ သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~