မွေးနေ့ကိတ်များကို အိမ်အရောက် ပို့ဆောင်ပေးလိုက ပို့ဆောင်ပေးမည့် တာချီလိတ်မြို့မှ "စင်ရွှင်"မုန့်တိုက်

မွေးနေ့ကိတ်များကို အိမ်အရောက် ပို့ဆောင်ပေးလိုက ပို့ဆောင်ပေးမည့် တာချီလိတ်မြို့မှ "စင်ရွှင်"မုန့်တိုက်
ဇန်နဝါရီ 9, 2016
By Tachileik News Agency

မွေးနေ့ကိတ်များအား စားသုံးသူများ စိတ်ကြိုက် ပုံသဏ္ဍာန် အမျိုးမျိုး ပြုလုပ်ပေးပြီး အိမ်အရောက် ပို့ဆောင်ပေးလိုက ပို့ဆောင်ပေးသည့် စနစ်ဖြင့် ၀န်ဆောင်မှုပေးသည့်အတွက် ရောင်းအားတက်လျှက်ရှိပြီး ထိုင်းနိုင်ငံမှ မုန့်များနည်းတူ အဆင့်အတန်း မှီနိုင်ရေးနှင့် ASEAN Free Trade Zone ဖြစ်ပေါ်လာသည့် အခါ အဆင်သင့်ဖြစ်စေရန် အရည်အသွေးမြင့်သော ဂျုံနှင့် အခြားဆက်စပ် ပစ္စည်းများဖြင့် အသုံးပြု ထုတ်လုပ်လျှက်ရှိသည့် တာချီလိတ်မြို့မှ "စင်ရွှင်"မုန့်တိုက်အား တာချီလိတ်သတင်းအေဂျင်စီမှ အွန်လိုင်းကြော်ငြာဝန်ဆောင်မှုအဖြစ် ဖော်ပြလိုက်ပါသည်။

  
( လူကြိုက်များသည့် စင်ရွှင်မုန့်တိုက်မှ ပေါင်မုန့်တစ်မျိုး )

“ကျွန်တော်တို့ စားသုံးသူကို သန့်ရှင်းသပ်ရပ်ပြီး ယုံကြည်စိတ်ချရတဲ့ အရည်အသွေးမြင့် စားသုံးကုန်တွေ ပေးနိုင်အောင် နိုင်ငံတကာ အဆင့်အတန်းမှီအောင်ကြိုးစားပြီး ပြုလုပ်ပေးနေပါတယ်”ဟု စင်ရွှင် မုန့်တိုက်ပိုင်ရှင်မှ ပြောသည်။

စင်ရွှင်မုန့်တိုက်အား ၂၀၀၆ ခုနှစ်မှစတင်၍ မွေးနေ့ကိတ် အမျိုးမျိုးနှင့် ပေါင်မုန့်အမျိုးမျိုးကို ပြုလုပ် ရောင်းချလျှက်ရှိပြီး ယခုအခါမှာ တာချီလိတ်မြို့ အတွင်း ဆိုင်ခွဲ(၃)ဆိုင် ဖွင့်လှစ်နိုင်ခဲ့ကြောင်းနှင့် လက်လီ လက်ကားရောင်းချ၍ အလုပ်အကိုင် လိုအပ်သော လူငယ်များအား မြို့အတွင်း လိုက်လံရောင်းချနိုင်ရန် လက်တွန်းလှည်းများဖြင့် စီစဉ်ပေးကာ ရောင်းချစေလျှက်ရှိကြောင်းသိရသည်။

{ မွေးနေ့ကိတ်မျိုးစုံ}

“ဆိုင်ကနေ စားသုံးသူတွေ အနေနဲ့ အခမ်းအနားတွေ အတွက် ကိတ်မှာတာ သိပ်မရှိကြပေမဲ့ မွေးနေ့ကိတ်တွေတော့ တော်တော်လေးကို အော်ဒါမှာကြပါတယ်၊ ”ဟု စင်ရွှင် မုန့်တိုက်ပိုင်ရှင်မှ ပြောသည်။

စင်ရွှင်မုန့်တိုက်အား ၂၀၀၆ ခုနှစ်မှစတင်၍ မွေးနေ့ကိတ် အမျိုးမျိုးနှင့် ပေါင်မုန့်အမျိုးမျိုးကို ပြုလုပ် ရောင်းပေးလျှက်ရှိပြီး ယခုအခါမှာ တာချီလိတ်မြို့ အတွင်း ဆိုင်ခွဲ(၃)ဆိုင် ဖွင့်လှစ်နိုင်ခဲ့ကြောင်းနှင့် လက်လီ လက်ကားရောင်းချ၍ အလုပ်အကိုင် လိုအပ်သော လူငယ်များအား မြို့အတွင်း လိုက်လံရောင်းချနိုင်ရန် လက်တွန်းလှည်းများဖြင့် စီစဉ်ပေးကာ ရောင်းချစေလျှက်ရှိကြောင်းသိရသည်။

{ တွန်းလှည်းဖြင့် စီစဉ်ပေးထားပုံ }

 “ကျွန်မတို့ဆီမှာ အရသာစုံလင်တဲ့ မုန့်အမျိုးမျိုးကို ပြုလုပ်ပြီး ရောင်းချပေးနေတဲ့အပြင် ပူတင်း ပူပူလေးလည်း ရပါတယ်၊ စားသုံးသူများအတွက် အဆင်ပြေစေရန်အတွက် ရောင်းချပေးနေပါတယ်။ အများဆုံး ရောင်းအားကောင်းတာတော့ ကျွန်မတို့ မုန့်တိုက်က ထွင်ပြီးလုပ်လိုက်တဲ့ "တာမိုက်"ဆိုတဲ့ ထောပတ်ပေါင်မုန့် (၆၅)ဘတ်တန် ကိုလည်း တာချီလိတ်ဒေသခံတွေ စားဖူးသူတိုင်း ကြိုက်ကြတာ များပါတယ်”ဟု စင်ရွှင် မုန့်တိုက်ပိုင်ရှင်မှ ရှင်းပြသည်။

အသုံးပြုသော ကုန်ကြမ်းများအား ထိုင်းနိုင်ငံအတွင်းမှ ၀ယ်ယူတင်သွင်းခြင်းဖြစ်ပြီး ငွေဈေး အတက်အကျနှင့် ကုန်ကြမ်းဈေးတက်သော်လည်း ကုန်ပစ္စည်းကို ဈေးမတင်သည့်အတွက် ဈေးကွက်တွင် ၀ယ်လိုအားကျသွားခြင်း မရှိကြောင်းနှင့် မုန့်အမျိုးအစားအလိုက် ဈေးနှုန်းအမျိုးမျိုးရှိသော်လည်း အခြေခံလူတန်းစားများ စားသုံးသော ပေါင်မုန့်၊ ကိတ်မုန့်များဝယ်လိုအား များလျှက်ရှိကြောင်းသိရသည်။

အလုပ်အကိုင်လိုအပ်နေသော လူငယ်များအနေဖြင့်လည်း 'စင်ရွှင်'မုန့်တိုက်မှ တွန်းလှည်းဖြင့် မုန့်များ လှည့်လည် ရောင်းနိုင်ရန်အတွက် စီစဉ်ပေးကြောင်းနှင့် ထိုသို့ ဈေးရောင်းလိုသူများ အနေဖြင့် ၎င်းတို့၏ ဆိုင်သို့ လာရောက်ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။

တာချီလိတ်မြို့သည် ယခင်က ထိုင်းနိုင်ငံမှ မုန့်များအား အဓိက စားသုံးသော်လည်း ယခုတာချီလိတ်တွင် ထုတ်လုပ်ထားသော မုန့်များကို စားသုံးနေကြကြောင်းသိရသည်။

ဖုန်းဆက်၍ မုန့်မှာယူသူများ ကိစ္စနှင့် ပတ်သက်၍ "တချို့က မုန့်တိုက်က တင်ထားတဲ့ Facebook ကနေ တဆင့် မွေးနေ့ကိတ်ပုံတွေကို ကြည့်ပြီး ဖုန်းဆက် မှာကြတာတွေရှိပါတယ်၊ အဲ့လိုမှာပြီး လာမယူတာလည်းရှိလို့ အခက်တွေ့တဲ့အတွက်ကြောင့် စင်ရွှင်မုန့်တိုက်ရဲ့ Facebook ကနေ မုန့်တွေကို ကြည့်ပြီး မှာယူလို့ရပေမဲ့ တန်ကြေးရဲ့ တ၀က်ကိုတော့ လာရောက်ပေးသွင်းစေချင်ပါတယ်၊ ကိတ်မုန့်ကို အိမ်အရောက်လည်း ပို့ပေးပါတယ်"ဟု မုန့်တိုက်ပိုင်ရှင်မှ ဆက်လက်ပြောပြသည်။

“သူများနိုင်ငံက လုပ်တဲ့မုန့်က သူတို့စာတွေနဲ့ရေးထားတာ ဘာမုန့်မှန်းမသိဘူး၊ ဘာတွေနဲ့ လုပ်ထားလဲမသိဘူးလေ အခုကိုယ့်မြို့က လုပ်တဲ့မုန့်ကို အဆင့်အတန်း တူညီပြီး ဈေးနှုန်း သက်သက်သာသာ စားရတော့ ပြည်တွင်းဖြစ်ဘဲ အားပေးတာပေါ့။ အန်တီတို့က ပေါင်မုန့်ကို မနက်စာအတွက် တစ်ထုတ်ဝယ်ထားရင် နှစ်ရက်လောက် စားဖြစ်တယ်..”ဟု စားသုံးသူ ဒေါ်သီတာမှပြောသည်။ 

" 'စင်ရွှင်'မုန့်တိုက်မှာ မွေးနေ့ကိတ် မှာယူချင်တယ်ဆိုရင်  Facebook သုံးစွဲသူများအနေနဲ့ ကြိုတင်ကြည့်ရှု ရွေးချယ်နိုင်ရန်အတွက် ဖော်ပြပေးထားပါတယ်၊ ကိတ်မှာယူသူများ အနေနဲ့ ကိတ်မုန့်ရဲ့ နံပါတ်ကို မှတ်လာပြီး၊ လာမှာလို့ရနိုင်ပါတယ်၊"ဟု အရောင်းတာဝန်ခံမှ ပြောပြသည်။

စင်ရွှင်မုန့်တိုက်တွင် မုန့်အမျိုးမျိုးကို အရသာ အစုံအလင်နဲ့ ပြုလုပ်ထားသည့်အပြင်၊ လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးနိုင်သလို လက်ရှိမှာလည်း လူမျိုးမရွေး ဘာသာမရွေး လာရောက် ၀ယ်ယူ အားပေးနေလျက်ရှိကြောင်း သိရှိရသည်။

ယခုအခါမှာ စင်ရွှင်မုန့်တိုက်ကို တာချီလိတ်မြို့နယ် ဒီပါကျော်ဈေး နှင့် ဆန်ဆိုင်း(ခ)အပါအ၀င် ၀ိန်းကျောက် ရပ်ကွက်တွင်လည်း ဖွင့်လှစ်ထားရှိသည်။

ဆိုင်ခွဲ - ၁
စင်ရွှင်မုန့်တိုက်
ဆိုင်ခန်းနံပါတ် ၁/၄၊ ဆန်ဆိုင်း(က)
ဗိုလ်ချုပ်လမ်း၊ ဆန်ဆိုင်းဈေးအနီး၊ တာချီလိတ်မြို့။

ဆိုင်ခွဲ - ၂
အမှတ် (၁)တံတား အ၀ိုင်းထိပ်၊
ဆိုင်ခန်းအမှတ် ၂၅-၂၆၊ ဒီပါကျော်ဈေး၊
တာချီလိတ်မြို့။

ဆိုင်ခွဲ - ၃
ဝိန်းကျောက်ရွာ
ဗိုလ်ချုပ်လမ်းနှင့် တော်ဝင်လမ်းထောင့်
ပါဆတ်-အဝေးပြေးကားဝင်း

ဆက်သွယ်ရန်ဖုန်း
Myanmar Ph: 09-5242300, 09-73233151
Thai Ph: 081-1583900 , 094-0161030

မွေးနေ့ကိတ်ပုံများကို Facebook တွင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
https://www.facebook.com/XinXianCake/photos_stream?tab=photos_albums

 Tachileik Online News ( www.tachileik.net  )