တစ်နေရာတည်းမှာ စုံလင်စွာ ရရှိနိုင်ပြီး သန့်ရှင်းသပ်ရပ်သည့် The Phoenix Hotel တာချီလိတ်၌ ဖွင့်လှစ်ထားရှိ

တစ်နေရာတည်းမှာ စုံလင်စွာ ရရှိနိုင်ပြီး သန့်ရှင်းသပ်ရပ်သည့် The Phoenix Hotel တာချီလိတ်၌ ဖွင့်လှစ်ထားရှိ
ဒီဇင်ဘာ 8, 2014
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့က ဖွင့်လှစ်လိုက်သည့် The Phoenix Hotel တွင် မင်္ဂလာဧည့်ခံပွဲများ၊ မွေးနေ့ ဧည့်ခံပွဲများ၊ အစည်းအဝေးခန်းမအတွက် ခန်းမငှားပေးခြင်းများ၊ အရှေ့တိုင်း/အနောက်တိုင်း အစားအစာများ ဖြင့် အစုံအလင်ရရှိနိုင်ပြီး အခန်းပေါင်း (၇၃)ခန်းဖြင့် ဖွဲ့စည်းထားရှိပြီး ဟိုတယ်အနီးတွင် ဂေါက်ကလပ်ရှိပြီး ကား/ဆိုင်ကယ် ရပ်နားရန် အဆင်ပြေစေသည့် The Phoenix Hotel အား တာချီလိတ်အွန်လိုင်းမှ ကြော်ငြာဝန်ဆောင်မှုအနေဖြင့် မိတ်ဆွေများအား မိတ်ဆက်ပေးလိုပါသည်။

Phoenix Hotel အား သုံးထပ်ဆောက်လုပ်ထားပြီး အလွှာအသီးသီးတွင် တည်းခိုစရိတ်အခန်းခ အနေဖြင့် ဈေးနှုန်း (၄)မျိုးဖြင့် အခန်းပေါင်း (၇၃)ခန်းဖြင့် ဖွဲ့စည်းထားရာ အထူးအခန်းများတွင် ဧည့်ခန်းများ၊ ရေနွေးစိမ်ကန်များ ပါဝင်ပြီး အခြားသော အခန်းများတွင်လည်း ဟိုတယ်အတွင်းထားရှိရမည့် အသုံးအဆောင်များ စုံလင်စွာဖြင့် ၀န်ဆောင်မှုပေးထားတာကိုလည်း တွေ့ရှိရသည်။

The Phoenix Hotel သို့ လာရောက်တည်းခိုသည့် ဧည့်သည်များကို နံနက်စာ ဘူဖေးစနစ်ဖြင့် ဆောင်ရွက်ပေးထားပြီး၊ အခန်းယူမည်ဆိုပါက နံနက်စာအတွက် လက်မှတ်ပါရရှိမှာ ဖြစ်သည်။

The Phoenix Hotel မှ မင်္ဂလာဆောင်ပွဲများ၊ မွေးနေ့ပွဲများ၊ ညပါတီပွဲများ နှင့် အခြားသော ဧည့်ခံပွဲများ အတွက်လည်း ခန်းမနေရာတစ်ခုတည်းသော် လည်းကောင်း၊ အစားအသောက် နဲ့ နေရာ နှစ်မျိုးတွဲ၍ သော်လည်းကောင်း စိတ်တိုင်းကျ ဆောင်ရွက်ပေးနေလျက်ရှိသည်။

အစားအသောက်များ နှင့် ပတ်သက်၍လည်း The Phoenix Hotel မှ The Phoenix Restaurant စားသောက်ဆိုင်ပါ တပါတည်းဖွင့်လှစ်ထားရှိပြီး Phoenix Restaurant တွင် တရုတ်၊ ထိုင်း၊ ဂျပန်၊ မြန်မာ နှင့် ဥရောပ အစားအစာများကိုလည်း မှာယူစားသုံးနိုင်ပြီး စားသုံးသူများစိတ်တိုင်းကျ ၀န်ဆောင်ပေးနေလျက်ရှိကြောင်း သိရသည်။

ယင်းအပြင် စီးပွားရေးကုန်ပစ္စည်း မိတ်ဆက်မှုများ၊ အသင်းအဖွဲ့ အစည်းအဝေးများ စသည်တို့အတွက် ခန်းမနေရာလည်း ထားရှိပြီး လူဦးရေ ( ၁၀၀ )ဆံ့သည့် အခန်းနှင့် လူဦးရေ ( ၂၀ )ဆံ့သည့် အခန်းရှိသည့်အတွက် အဆိုပါ အစည်းအဝေး နှင့် ပြခန်းများကိုလည်း ငှားရမ်းပေးကြောင်း သိရသည်။

The Phoenix Hotel မှ The Phoenix Restaurant ၊ မင်္ဂလာခန်းမ နှင့် အစည်းအဝေးခန်းမ စသည်တို့ဖြင့် ဟိုတယ်အတွင်း ၀န်ဆောင်မှုအပြင် ပြင်ပ၀န်ဆောင်မှုများဖြစ်သည့် အခမ်းအနားပြင်ဆင်မှုများ၊ ပြင်ပအခမ်းအနားများ ဧည့်ခံပွဲများအတွက် အစားအသောက်များ မှာယူလိုသူများ ဟိုတယ်မှ ၀န်ထမ်းများ၏ ၀န်ဆောင်မှုနှင့်အတူ ဆောင်ရွက်ပေးလျှက်ရှိပြီး တစ်နေရာတည်းတွင် စုံလင်သည့် The Phoenix Hotel ကို တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်း၊ ရီဂျီနားဂေါက်ကွင်းအနီး တွင် ဖွင့်လှစ်ထားရှိပါသည်။

ရပ်ဝေး/ရပ်နီးမှ ဧည့်သည်များအနေဖြင့် အခန်းများကို ကြိုတင်မှာယူလိုသူများနှင့် စုံစမ်းမေးမြန်းလိုလျှင် အောက်ပါ ဆက်သွယ်ရန် လိပ်စာမှတဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါသည်။

The Phoenix Hotel
ဂေါက်ကွင်းလမ်း၊ ရီဂျီနားဂေါက်ကွင်းအနီး၊
ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
မြန်မာဖုန်း ။   ။ 084-52318
ထိုင်းဖုန်း။   ။ 0869225028

 Tachileik Online News ( www.tachileik.net  )