ရန်ကုန်မှာ ကျင်းပသည့် အနောက်တိုင်းဆန်တဲ့ အကပြိုင်ပွဲကြီးမှာ တာချီလိတ်အဖွဲ့မှ နှစ်နှစ်ဆက်တိုက် ပထမ ရရှိ

ရန်ကုန်မှာ ကျင်းပသည့် အနောက်တိုင်းဆန်တဲ့ အကပြိုင်ပွဲကြီးမှာ တာချီလိတ်အဖွဲ့မှ နှစ်နှစ်ဆက်တိုက် ပထမ ရရှိ
ဒီဇင်ဘာ 20, 2014
By Tachileik News Agency

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့က ရန်ကုန်မြို့ Junction Mawtin (TBC) တွင် အနောက်တိုင်းဆန်သည့် အကပြိုင်ပွဲကြီး၏ တတိယအကြိမ်မြောက် The First Jam : Vol 3 ကို ကျင်းပပြုလုပ်ရာ တာချီလိတ်မှ အကအဖွဲ့ဖြစ်သည့် Attention Crew အဖွဲ့က နှစ်နှစ်ဆက်တိုက် ပထမဆု ရရှိခဲ့သည်။

ယခုပြိုင်ပွဲကို ရန်ကုန်မြို့ရှိ အကအဖွဲ့များ သာမက တာချီလိတ်မြို့က အကအဖွဲ့များလည်း သွားယှဉ်ပြိုင်ခဲ့ရာ The First Jam : Vol 3 တွင် အက အဖွဲ့ (၁၂)ဖွဲ့ရှိသည့်အနက် တာချီလိတ်မြို့မှ Attention Crew အဖွဲ့က ပထမဆုကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က ယခုလို အနောက်တိုင်းဆန်သည့် အကပြိုင်ပွဲကြီး၏ The First Jam : Vol 2 ကို ကျင်းပပြုလုပ်ခဲ့ရာတွင် ပြိုင်ပွဲဝင် အကအဖွဲ့ (၂၀)ကျော်ထဲက တာချီလိတ်မြို့မှ Attention Crew အဖွဲ့ကပင် ပထမဆု ဆွတ်ခူးခဲ့ရာ Attention Crew အဖွဲ့အနေဖြင့် ပြိုင်ပွဲအမျိုးအစား သုံးမျိုး ရှိသည့်အနက် တစ်ခု ဖြစ်သည့် Bboy 2on2. Battle တွင် ၂၀၁၃-၂၀၁၄ နှစ်နှစ်ဆက်တိုက် ပထမဆု ရရှိခဲ့ခြင်းဖြစ်သည်။

Attention Crew အဖွဲ့ခေါင်းဆောင် အိုက်လွန်က"အခုလို အကသမားကောင်းများပေါ် ထွက်လာစေရန် ကျင်းပပေးတဲ့ MSD (Myanmar Street Dance) နဲ့ သွားရောက်ယှဉ်ပြိုင်နိုင်ရန် ပံ့ပိုးပေးသူနှစ်ဦးကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်၊ ကျွန်တော်တို့အနေနဲ့ နိုင်ငံအဆင့်အတန်း မှီတဲ့အထိ ဆက်လက်ပြီး ကြိုးစားသွားမှာဖြစ်ပါတယ်..'' ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ယခုလို တာချီလိတ်မြို့မှ ရန်ကုန်မြို့သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် Attention Crew အဖွဲ့ကို တာချီလိတ်မြို့ DEA t-Shirt လုပ်ငန်း နှင့် ရွှေနဂါး(88) တို့က အဓိက ပံ့ပိုးပေးထားတာဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ ဇောင်းညီ

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~