တာချီလိတ်၌ ကျင်းပမည့် ဗိုလ်ချုပ်ရာပြည့်ပွဲတော်အတွက် လုပ်ငန်းရှင်များမှ စတင်ကူညီ

တာချီလိတ်၌ ကျင်းပမည့် ဗိုလ်ချုပ်ရာပြည့်ပွဲတော်အတွက် လုပ်ငန်းရှင်များမှ စတင်ကူညီ
ဒီဇင်ဘာ 22, 2014
By Tachileik News Agency

ဗိုလ်ချုပ်ရာပြည့်ပွဲတော်အား တာချီလိတ်မြို့တွင် ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့မှ(၁၃)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး + ဒေါ်နန်းသောင်း မိသားစုမှ အလှူငွေ ဘတ်တစ်သောင်းအား ပွဲတော်ကျင်းပရေးကော်မတီထံ ယနေ့ ဒီဇင်ဘာလ (၂၂)ရက် ညဦးပိုင်းတွင် လာရောက် လှူဒါန်းသွားကြောင်း သိရသည်။ ထို့အတူ မန္တလေးမြို့တွင် ဖွင့်လှစ်ထားရှိသည့် "ရတီမင်း"ပိုးထည်တိုက်မှ (၃၀၀၀)ဘတ်ကိုလည်း လှူဒါန်းလာကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ် ပွဲတော်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပွဲတော်အတွင်း ဗိုလ်ချုပ်အောင်ဆန်းအား ရည်စူး၍ ရဟန်းအပါး (၁၀၀)ကို စုပေါင်း ဆွမ်းလောင်းလှူခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပြိုင်ပွဲများ၊ ဖျော်ဖြေပွဲများ နှင့် နိဗ္ဗာန်ဈေးပွဲတော်များလည်း ပြုလုပ်သွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်ရာပြည့်ပွဲတော် ကျင်းပရေးကော်မတီမှ သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~