World AIDS Day အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ အထက တာချီလိတ်တွင် ကျင်းပ

World AIDS Day အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ အထက တာချီလိတ်တွင် ကျင်းပ
နိုဝင်ဘာ 23, 2014
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့၌ ကျရောက်မည့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ ( World AIDS Day ) အထိမ်းအမှတ် အဖြစ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲအား ယနေ့ နိုဝင်ဘာလ (၂၃)ရက်၊ နံနက် (၉)နာရီအချိန်က အထက-တာချီလိတ် ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ပြိုင်ပွဲအား အထက ( တာချီလိတ် )၊ အထက ( ဆန်ဆိုင်း )၊ အထက ( ဟောင်လိတ် )၊ အလက(ပုန်းထွန်)၊ မူလွန် (၀မ်ကောင်း)၊ မူလွန်(တာလော့)နှင့် မူလွန်(ရန်အောင်မြေ)ကျောင်း (၇)ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါ ကဗျာရွတ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ နှင့် အထူးဆုရ ကျောင်းသားကျောင်းသူများ နှင့်
စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရသည့် ကျောင်းသား ကျောင်းသူများအား
ဒီဇင်ဘာလ (၄)ရက်နေ့တွင် ကျင်းပမည့် World AIDS Day အခမ်းအနားတွင် ဆုများ ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ ဝေယံလင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~