အသက် (၂)နှစ်အရွယ်ကလေးငယ် အိမ်ဖော်နှိပ်စက်၍ ယူဂန်ဒါနိုင်ငံ၌ သေဆုံး ( ရုပ်သံ )

အသက် (၂)နှစ်အရွယ်ကလေးငယ် အိမ်ဖော်နှိပ်စက်၍ ယူဂန်ဒါနိုင်ငံ၌ သေဆုံး ( ရုပ်သံ )
နိုဝင်ဘာ 26, 2014
By Tachileik News Agency

ယူဂန်ဒါနိုင်ငံမှာ ကလေးထိန်းတစ်ဦးက အသက်(၂)နှစ်အရွယ် ကလေးငယ်တစ်ဦးကို ထမင်းကျွေးရင်း တီဗွီကြည့်နေစဉ် ကလေးငယ်မှ စားပြီးသား အစာပြန်အန်ထွက်ခြင်းကြောင့် ကလေးငယ်အား ကောက်ယူလွှင့်ပစ်လိုက်ပြီး လက်နှိပ်ဓါတ်မီးဖြင့် အချက်ပေါင်းများစွာ ထုရိုက်ပြီး ကန်ကျောက်ကာ ခန္ဓာကိုယ်ဖြင့် တက်နင်းခြင်းများပြုသဖြင့် ကလေးငယ်မှာ အတွင်းဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

အသက်(၂၂)နှစ်အရွယ် Tumuhiirwe ဆိုသူ ကလေးထိန်းအမျိုးသမီးအား ယူဂန်ဒါရဲတပ်ဖွဲ့က ကလေးသူငယ်အား မတရားညှင်းပမ်းနှိပ်စက်မှုဖြင့် (၂)နှစ်အရွယ် ကလေးငယ် သေဆုံးသွားသောကြောင့် ဖမ်းဆီးထားပြီး ၎င်းပြစ်မှုကျူးလွန်ပုံ ဗီဒီယိုဖိုင်အား ကလေးငယ်၏ မိဘများမှ ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။

( ရုပ်သံ တင်ဆက်မှု )


ကလေးမိဘများမှ ကလေးငယ် အတွင်းဒဏ်ရာနှင့် ဆေးရုံတင်ပို့ထားပြီးနောက် ၎င်းတို့ အိမ်တွင် တပ်ဆင်ထားသော CCTV အား စစ်ဆေးကြည့်ရှုခဲ့ရာ ကလေးငယ်အား မတရားနှိပ်စက်ထားသည်ကို တွေ့ရှိရပြီးနောက် ယူဂန်ဒါရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ကလေးငယ်မှာ ဆေးရုံတင်ထားစဉ် အတွင်း အတွင်းဒဏ်ရာ ပြင်းထန်သောကြောင့် ဆုံးပါးသွားတာ ဖြစ်ကြောင်းသိရှိရသည်။

ဘာသာပြန် ။   ။ မင်းသုတ
Ref; dailymail

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~ ကြော်ငြာ ~~~~~~~~~