ထိုင်း ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်များအား တာချီလိတ်၌ မူရင်းဈေးနှုန်းဖြင့် ၀ယ်ယူ ရရှိနိုင်

ထိုင်း ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်များအား တာချီလိတ်၌ မူရင်းဈေးနှုန်းဖြင့် ၀ယ်ယူ ရရှိနိုင်
နိုဝင်ဘာ 29, 2014
By Tachileik News Agency

ထိုင်း - မြန်မာ နယ်စပ် ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့မှ တဆင့် တရားဝင် ဗီဇာဖြင့် ထိုင်းနိုင်ငံ ချင်းရိုင်းလေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အပါအ၀င် အခြားမြို့များသို့ လေကြောင်းလိုင်းဖြင့် သွားရောက်လိုသည့် ခရီးသည်များအတွက် လေယာဉ်လက်မှတ်များကို ပင်ရင်း အရောင်းဌာနတွင် ရောင်းချပေးနေသော မူရင်းဈေးနှုန်းအတိုင်း တာချီလိတ်မြို့ရှိ " 7 Day Air Ticket " ထိုင်း ပြည်တွင်း သီးသန့် လက်မှတ်အရောင်းဌာနမှ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

" 7 Day Air Ticket " မှ ထိုင်း ပြည်တွင်းများသို့ Nok Air, Air Asia, bangkok airways နှင့် Thai Airways စသည့် လေကြောင်းများ၏ လက်မှတ်များကို အမြတ်မတင်ဘဲ မူရင်းဈေးနှုန်းဖြင့်သာ ကြိုတင် မှာယူမှုများ နှင့် ချက်ချင်းသွားရောက်ရန်အတွက် ၀ယ်လိုမှုများ အတွက် ၀န်ဆောင်ပေးနေလျှက်ရှိရာ၊ တာချီလိတ်မြို့ အတွင်းမှ တရားဝင် ဗီဇာဖြင့်  ဘန်ကောက်ခရီးစဉ်အတွက် လေယာဉ် လက်မှတ်များကိုလည်း ရောင်းချပေးနေရလျှက်ရှိကြောင်း သိရသည်။

" 7 Day Air Ticket " ထိုင်း ပြည်တွင်း သီးသန့် လေယာဉ်လက်မှတ်အရောင်းဌာနမှ ဒေါ်ဇင်မာလွင်က " ထိုင်းပြည်တွင်း ခရီးစဉ်များအတွက် သီးသန့် ၀န်ဆောင်မှု ပေးပါတယ်၊ ဈေးနှုန်းကိုလည်း Air Line တွေရဲ့ Website ထဲမှာ ရောင်းထားတဲ့ မူရင်းဈေးနှုန်းအတိုင်း ရောင်းချပေးပြီး လက်မှတ်ကြိုတင် မှာယူမှုတွေကိုလည်း ဆောင်ရွက်ပေးတဲ့အပြင် လေဆိပ်သွားဖို့ ကားငှားဖို့ လိုမယ်ဆိုရင်လည်း ငှားပေးပါတယ်"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ထိုင်းပြည်တွင်းသို့ တရားဝင် လေကြောင်းလိုင်းဖြင့် သွားရောက်လိုသူများအတွက် လေယာဉ်လက်မှတ်များကို တစ်ဖက် ထိုင်းနိုင်ငံသို့ သွားရောက်၍ ၀ယ်ယူမှု မပြုလိုသူများအတွက် တာချီိလိတ်မြို့တွင် ၀ယ်ယူရရှိနိုင်မှာဖြစ်ရာ ထိုင်းပြည်တွင်း လေယာဉ်လက်မှတ်များနှင့် ပတ်သက်၍ စုံစမ်း မေးမြန်းလိုသည်ဖြစ်စေ၊ ၀ယ်ယူလိုသည်ဖြစ်စေ အောက်ပါ ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ်မှ တဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

7 Day Air Ticket

  • ထိုင်း ( ပြည်တွင်း/ပြည်ပ) လေယာဉ်လက်မှတ် အရောင်းဌာန
  • အမှတ်(၁/၁) ဆန်ဆိုင်းဈေးလမ်း၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့။
  • မြန်မာဖုန်း ။  ။ ၀၉၅၂၄၀၉၈၉ ၊ ၀၈၄၅၁၈၃၉ ၊ ၀၉၄၉၃၅၁၈၅၆
  • ထိုင်းဖုန်း ။  ။ ၀၈၉၅၅၆၆၇၇၉ ၊ ၀၉၁၅၅၆၁၆၅၇ 
 Tachileik Online News ( www.tachileik.net  )