ရွှေရေကန် အဆင့်မြင့် မီနီမတ်ကတ် နှင့် အဝေးပြေး ယာဉ်ရပ်နားစခန်း တာချီလိတ်၌ တည်ဆောက်မည်ဖြစ်ရာ အဆောက်အဦအတွက် စတင် အုတ်မြစ်ချ

ရွှေရေကန် အဆင့်မြင့် မီနီမတ်ကတ် နှင့် အဝေးပြေး ယာဉ်ရပ်နားစခန်း တာချီလိတ်၌ တည်ဆောက်မည်ဖြစ်ရာ အဆောက်အဦအတွက် စတင် အုတ်မြစ်ချ
အောက်တိုဘာ 30, 2014
By Tachileik News Agency

ရွှေရေကန် သွင်းကုန်/ထုတ်ကုန် ကုမ္ပဏီလီမိတက် မှ တာချီလိတ်မြို့တွင် ရွှေရေကန် အဆင့်မြင့်မီနီမတ်ကတ် နှင့် အဝေးပြေးယာဉ် ရပ်နားစခန်း တည်ဆောက်ရေး ကိစ္စနှင့် ပတ်သက်၍ ၂၀၁၄ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့နှင့် MOU သဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးနောက် အဆောက်အဦ စတင်ဆောက်လုပ်ခြင်းအဖြစ် ယနေ့ ၂၀၁၄ခုနှစ် အောက်တိုဘာလ (၃၀)ရက် နံနက်ပိုင်းက  နဂါးနှစ်ကောင်ဆရာတော် နှင့် မိုင်းဖုန်းဆရာတော်တို့မှ ကြွရောက်၍ ပရိတ်တရားတော်များ ချီးမြှင့်ပြီး အုတ်မြစ်ချ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ" နှင့်  မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရ တို့ အမှူးပြု၍ သံဃာတော်များမှ ပရိတ်တရားတော်များ ချီးမြှင့်ရာ တက်ရောက်လာသည့် ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ၊ ဧည့်သည်တော်များမှ ရေစက်ချတရားတော် နာယူခဲ့ကြသည်။

ဆက်လက်၍ အုတ်မြစ်ချရာတွင် လူပုဂ္ဂိုလ် (၈)ဦးမှ သက်ဆိုင်ရာ နေ့နံများအလိုက် ရွှေအုတ်ငွေအုတ်များ ချရာ ဆရာတော် နှစ်ပါးမှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ပေးသည်။

ယခုတည်ဆောက်မည့် နေရာသည် တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်တွင် တည်ရှိပြီး ပါဆတ်ကားလေးကွင်း၏ ဘေးတွင်တည်ရှိပြီး အဆိုပါ ဧရိယာထဲတွင် ရွှေရေကန် မီနီမတ်ကတ်၊ ရွှေရေကန် အဝေးပြေး ယာဉ်လက်မှတ် အရောင်းဌာန၊ ရွှေရေကန် အပြေးဝေးယာဉ်များ ရပ်နားဆောင် နှင့် ဂိုဒေါင်၊ ရွှေရေကန် အဝေးပြေးယာဉ်မောင်များ နားနေဆောင်၊ ရွှေရေကန် ၀န်ထမ်းအိမ်ယာ(နှစ်ထပ်)နှင့် ကားရပ်နားစခန်း စသည်တို့ ပါဝင်မှာဖြစ်ကြောင်း သိရသည်။

သတင်း ။ ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
ရွှေရေကန် အဆင့်မြင့် မီနီမတ်ကတ် နှင့် အဝေးပြေး ယာဉ်ရပ်နားစခန်း....

46 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~