ဂျပန် - တရုတ် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှု ပြောင်းလဲနိုင်ခြေရှိသည့် တွေ့ဆုံမှု မကြာမီစတင်တော့မည်

ဂျပန် - တရုတ် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှု ပြောင်းလဲနိုင်ခြေရှိသည့် တွေ့ဆုံမှု မကြာမီစတင်တော့မည်
အောက်တိုဘာ 31, 2014
By Tachileik News Agency

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောကြားသည်မှာ ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး တရုတ်နိုင်ငံကို နိုဝင်ဘာလအတွင်း ရောက်ရှိမှာဖြစ်ပြီး တရုတ်ခေါင်းဆောင်များနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆွေးနွေးကြမှာဖြစ်တယ်လို့ စီစီတီဗွီသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်း နှစ်နိုင်ငံ ကျွန်းပိုင်ဆိုင်မှု ပြဿနာများဖြစ်ပွားပြီး ခေါင်းဆောင်ပိုင်း ဆွေးနွေးမှုများ ပြုလုပ်ခြင်း မရှိသည့်နောက်ပိုင်း ယခုအခေါက်ဟာ ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲဖြစ်မယ်လို့ သိရပါတယ်။

အာရှ-ပစိဖိတ်၊ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်း(APEC) အစည်းအဝေးကို နိုဝင်ဘာ(၅)ရက်နေ့မှ (၁၁)ရက်နေ့အတွင်း တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်းများ အနေနဲ့ နိုဝင်ဘာလ(၁၀)ရက် နှင့် (၁၁)ရက်အတွင်း တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တွေ့ဆုံဆွေးနွေးမှု အထမြောက်သွားရင်တော့ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်တိုးတက် ကောင်းမွန်လာမှာဖြစ်ပြီး စီးပွားရေး ဆက်ဆံမှုများလည်း ပြောင်းလဲနိုင်ဖွယ်ရှိတယ်လို့ သတင်းများက ရေးသားဖော်ပြထားပါတယ်။

ဘာသာပြန် ။  ။ မင်းသုတ
ref; cctv

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~