Android Os သုံး ဖုန်းများအတွက် "တာချီလိတ် Online"APK Free

Android Os သုံး ဖုန်းများအတွက် "တာချီလိတ် Online"APK Free
စက်တင်ဘာ 24, 2014
By Tachileik News Agency
တာချီလိတ်မြို့နယ် အတွင်းရှိ သတင်းအချက်အလက်များ နှင့် ပတ်သက်၍ သော်လည်းကောင်း၊ လူမှုအကျိုးပြု အသင်းအဖွဲ့များ နှင့် ပတ်သက်၍ သော်လည်းကောင်း၊ စီးပွားရေး နှင့် ပတ်သက်၍ သော်လည်းကောင်း အွန်လိုင်းပေါ်သို့ ဖြန့်ကျက်၍ ဝေငှထားမှုများ၊ အွန်လိုင်းသို့ လွှင့်တင်ထားမှုများ စသည့် သတင်း အချက်အလက်များကို Android Os သုံး ဖုန်းများတွင် အင်တာနက်လိုင်း ခဏတာရယူပြီး သတင်းများကို Download ဆွဲထားကာ အင်တာနက်လိုင်းမရှိသည့် နေရာများတွင်ပါ သတင်းများကို သိရှိ ဖတ်ရှုနိုင်ရန်အတွက် တာချီလိတ်အွန်လိုင်းမှ "တာချီလိတ် Online" APK အား ပြုလုပ်၍ အခမဲ့ ဖြန့်ဝေပေးလိုက်ပါသည်။
ယခု ပြုလုပ်ထားသည့် "တာချီလိတ် Online" APK  တွင် တာချီလိတ်အွန်လိုင်းသတင်းဌာန နှင့် ပတ်သက်သည့် ရုပ်သံသီးခြားကဏ္ဍ၊ သတင်းနှင့်ရုပ်သံကဏ္ဍ၊ ထိုင်းထီ ကဏ္ဍ၊ အွန်လိုင်းကြော်ငြာ ကဏ္ဍများကို ထည့်သွင်းထားပါသည်။ 
ယင်းအပြင် လူမှုရေးအသင်းအဖွဲ့များ၊ နည်းပညာများ၊ စီးပွားရေးများ၊ ကျန်းမာရေး၊ ဖျော်ဖြေရေး၊ ဖုန်းနှင့်ပတ်သက်သည့် အကြောင်းအရာများ စသည်ဖြင့် စုစည်း၍ ထည့်သွင်းထားပါသည်။

ဆက်လက်၍လည်း ယခုပြုလုပ်ထားသည့် "တာချီလိတ် Online" APK တွင် မပါရှိသေးသည်များကိုလည်း နောက်လာမည့် ဗားရှင်းတွင် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

Download: www.myanmarcommunity.net/TCLAPK.apk

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~