ထိုင်းရဲမှူး တစ်ဦးထံမှ စိတ်ကြွဆေးပြား အလုံး ၈ သိန်းကို မယ်ဆိုင်မြို့၌ ဖမ်းမိ

ထိုင်းရဲမှူး တစ်ဦးထံမှ စိတ်ကြွဆေးပြား အလုံး ၈ သိန်းကို မယ်ဆိုင်မြို့၌ ဖမ်းမိ
သြဂုတ် 19, 2014
By Tachileik News Agency

ဒီကနေ့ သြဂုတ်လ(၁၉)ရက် ထိုင်းနိုင်ငံထုတ် နေ့စဉ် သတင်းစာတွေရဲ့ မျက်နှာဖုံး သတင်းမှာ ပါလာမယ့် အံ့သြဖွယ် သတင်းတပုဒ် ရှိနေပါတယ်..။ အကြောင်းကတော့ ထိုင်းနိုင်ငံချင်းမိုင်က တာဝန်ကျနေတဲ့ရဲမှူးရဲ့ ကားထဲမှာ မူးယစ်ဆေးဝါးဖြစ်တဲ့ ယာဘ ခေါ် စိတ်ကြွဆေး အလုံး (၈)သိန်း နဲ့ ယာအိုက်စ် ခေါ် ရေခဲစိတ်ကြွဆေး တစ်ကီလို ဖမ်းမိတဲ့ သတင်း ဖြစ်ပါတယ်..။

Photo: maesainewsonline.com

အဲဒီ ရဲမှူးရဲ့ အဆင့်က ဖန်းတမ်မလွတ်ထိုး ဆိုတော့ ရဲ ထဲမှာတော့ တော်တော်အဆင့်မြင့်ပုံဘဲ..။ ပြီးတော့ သူက ချင်းမိုင်မှာ မူးယစ်ဆေးဝါးနိမ်နင်းရာမှာ ဖမ်းဆီးရာမှာ တော်လွန်းလို့ နာမည်ကြီးတယ် ဆိုဘဲ ..။မနေ့က ထင်ပါတယ် ..။ မယ်ဆိုင်မြို့ စွန်မှာ ရှိတဲ့ Tesco Lotus ကုန်တိုက်ကြီးရဲ့  ကားရပ်တဲ့ နေရာမှာ စလွန်းကားကနေ ဖေါ်ကျူနာကား ဆီ ပြောင်းယူလာတဲ့ ခရီးဆောင်အိတ်ကို မသင်္ကာတာနဲ့ စစ်တာကနေ ရဲမှူးကား ဖြစ်နေပြီး အခုလို ရဲက မူးယစ်ဆေးဝါးကိစွ မှာ အကြီးအကျယ် ပါဝင် ပတ်သက်နေတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်လာပြီး ဒီနေ့မနက် တီဗွီ သတင်းလိုင်းပေါင်းစုံမှာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရတာပါ...။

Photo: maesainewsonline.com

ဒီရဲမှူးဟာ သယ်ယူခအဖြစ် ဘန်ကောက် ကို ဘတ် (၆)သန်း ရမှာဖြစ်တယ်လို့ ဆိုပါတယ်..။ သူ့ အိမ်က လန်းပန်း ဆိုတဲ့ မြို့ ကပါ..။ အဲဒီအိမ်ကို ညနေပိုင်းမှာ သွားရှာပေမယ့် ဘာမှတော့ မတွေ့ဘူး ဆိုသတဲ့...။ သူ့ အိမ်ကိစွအတွက် ငွေလိုနေလို့ ဒီလိုလုပ်တာ လို့လည်း ပြောကြတယ်..။

မူးယစ်မှုတွေမှာ အိမ်၊ ကား၊ ပိုင်ဆိုင်မှုတွေ အစိုးရက အကုန်သိမ်းလေ့ရှိတာမို့ နောက်ဆက်တွဲ ဘယ်လို လာမလဲတော့မသိပါဘူး..။ ထိုင်းတစ်နိုင်ငံလုံးဟာ မူးယစ်ဆေးဝါးနဲ့ မကင်းကြသလို ထိုင်းရဲက ပါဝင် ပတ်သက်တာ ဒီတစ်ယောက်ထဲတော့ မဟုတ်ပါဘူး ..။ အများကြီး ရှိခဲ့ပေမယ့် ရာထူးအရကတော့ ဒီပုဂွိုလ်က အကြီးဆုံးဖြစ်မယ်ထင်တယ်။ လာတဲ့ မူးယစ်ဆေးကတော့ ထုံးစံအတိုင်း တာချီလိတ်ကလိုလို၊ လာအိုကလိုလို နဲ့ အိမ်နီးနားချင်းနိုင်ငံကဆိုပြီး ရမ်းသမ်းပြောတာပေါ့..။

ဟုတ်ရင်ထိ၊ မဟုတ်ရင် မသိဆိုတာကို သူတို့ကလည်း ပတ်လည်ရိုက်တတ်ပါတယ်...။ သူ့ကားထဲတောင် ဒီမူးယစ်ဆေးတွေ အိတ်လိုက်တောင် ရောက်နေပြီဆိုတော့ သူဟာ အရင်ကတည်းက အဆက်အသွယ် ရှိခဲ့မှာပါ..။

တာချီလိတ်က သွားတဲ့ မယ်ဆိုင်ကိုအလည် ခရီးသည်တွေကို ဆီးစစ်ပြီး ငွေညှစ်ကြတဲ့ ထိုင်းရဲတွေ ဒီတခါတော့ သူတို့ရဲ့  ရဲမှူးကို အလေးပြုပြီး ဆေးစစ်လိုက်ပါလား..။

မယ်ဆိုင်က ရဲတွေ အလုပ်ပြုတ်ပြီး နယ်ပြောင်းခံရမှာ အသေအချာပေါ့..။ လောလောဆယ် သူတို့ဆရာလည်း ဘယ်ပြေးပြီမသိ..။

သတင်း ။   ။ ဆုလဏီး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~