မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပမည့် နိုင်ငံတကာ မော်တော်ဆိုင်ကယ်ပြပွဲနှင့် ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲ၏ ပွဲတော်အတွက် စပွန်ဆာများ ခေါ်ယူ

မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပမည့် နိုင်ငံတကာ မော်တော်ဆိုင်ကယ်ပြပွဲနှင့် ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲ၏ ပွဲတော်အတွက် စပွန်ဆာများ ခေါ်ယူ
သြဂုတ် 16, 2014
By Tachileik News Agency

မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမှ ပြုလုပ်ကျင်းပခဲ့ဖူးခြင်း မရှိသေးသော နိုင်ငံတကာ မော်တော်ဆိုင်ကယ် ပြပွဲနှင့် မော်တော်ဆိုင်ကယ်ကလပ်များ( BIKE WEEK )တွေ့ဆုံပွဲကို မြန်မာ - ထိုင်း - လာအို နယ်စပ်ဒေသရှိ တာချီလိတ်မြို့ အခြေစိုက် EASTERN EAGLE မော်တော်ဆိုင်ကယ်ကလပ်မှ ဦးဆောင်စီစဉ်ပြီး ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်မှ ဒီဇင်ဘာလ(၁၅)ရက်အထိ နှစ်ရက်တိုင်တိုင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ ပွဲတွင် ထိုင်း၊ စင်္ကာပူ၊ မလေးရှား နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ မော်တော်ဆိုင်ကယ်ကလပ်များ အပါအ၀င် သြစတေးလျ၊ အမေရိကန် နှင့် ဂျာမနီတို့မှ  မော်တော်ဆိုင်ကယ် ကလပ်များ စုစုပေါင်း နိုင်ငံခြားသား မော်တော်ဆိုင်ကယ် ကလပ်အဖွဲ့သား အနည်းဆုံး (၅၀၀)မှ အများဆုံး (၁၀၀၀)ကျော်အထိ လာရောက်ကြမည့် ပွဲအား နိုင်ငံတကာ၌ ကျင်းပပြုလုပ်သော ပွဲများထက် ပိုမိုသာလွန်စေရန် နှင့် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံမှလည်း နိုင်ငံတကာအဆင့်မီ ပွဲကြီးပွဲကောင်းအား ကျင်းပပြုလုပ်နိုင်ကြောင်း  ပြသနိုင်ရန်အတွက် တာချီလိတ်မြို့ အခြေစိုက် EASTERN EAGLE မော်တော်ဆိုင်ကယ်ကလပ်မှ  ကျင်းပပြုလုပ်သွားမှာဖြစ်ပါသည်။

ပွဲတော်ကာလအတွင်း ပွဲခင်းအပြင်အဆင်များကို နိုင်ငံတကာအတိုင်း ပြင်ဆင်သွားမှာဖြစ်ပြီး ပွဲတွင် ဖျော်ဖြေရေးအနေဖြင့် မြန်မာနိုင်ငံတွင် ထိပ်တန်းစာရင်းဝင် အဆိုတော် ဇော်ဝင်းထွဋ် ပါဝင်သည့် EMPEROR တေးဂီတအဖွဲ့ နှင့် ထိုင်းနိုင်ငံမှ ထိပ်တန်းစာရင်းဝင် CARABAO တေးဂီတအဖွဲ့တို့မှ လာရောက်ဖျော်ဖြေမှာ ဖြစ်ကြောင်းလည်း သိရသည်။

ပွဲတော်သို့ နိုင်ငံတကာမှ နိုင်ငံခြားသား အများအပြားလာရောက်ကြပြီဖြစ်ရာ ၎င်းတို့အဖို့ မြန်မာနိုင်ငံဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်သွားကြမှာဖြစ်ပြီး တိုင်းရင်းသားရိုးရာ ဓလေ့များကိုလည်း တွေ့မြင်သွားကြမည်ဖြစ်ရာ ၎င်းတို့အနေဖြင့် နည်းပညာအရသော် လည်းကောင်း၊ တစ်ဆင့်စကား အရဖြစ်သော် လည်းကောင်း၊ သတင်းအချက်အလက် ပြန်လည် ဖြန့်ဝေမှုများကြောင့် တာချီလိတ်မြို့သည်လည်း ဒီထက်ပို၍ နိုင်ငံခြားသား ခရီးသွားများ ပိုမိုများပြား လာနိုင်တော့မည့် အခွင့်အရေး တစ်ခုအဖြစ် မြင်ယောင်မိသော ပွဲကြီးပွဲကောင်းတစ်ခုဖြစ်စေပါသည်။

Main Sponsors : SINGHA BEER

နိုင်ငံခြားသား အများအပြား လာရောက်မည့် ပွဲအား  တာချီလိတ်မြို့ အခြေစိုက် EASTERN EAGLE မော်တော်ဆိုင်ကယ်ကလပ်မှ   ကျင်းပပြုလုပ်မှာ ဖြစ်ရာ SINGHA BEER မှ Main Sponsors အဖြစ် ကူညီပံ့ပိုးပေးထားပြီး "တော်ဝင်မြန်မာ"ကုမ္ပဏီလီမိတက်၊ "ထူးနေခြည်" ကုမ္ပဏီလီမိတက် (သစ်အချောထုတ် လုပ်ငန်း) နှင့် "Hotel Tachileik" တို့မှ စပွန်ဆာပေးရန်အတွက် သဘောတူညီထားပါသည်။ ထို့အတူ လူကြီးမင်းတို့၏ လုပ်ငန်း အမှတ်တံဆိပ်များကိုလည်း ပြသကြော်ငြာ၍ ပွဲတော်အတွက် စပွန်ဆာပေးနိုင်မှာဖြစ်ပါသည်။

ဘာကြောင့် လူကြီးမင်းတို့ စပွန်ဆာပေးသင့်သလဲ...
လူကြီးမင်းတို့၏ လုပ်ငန်း အမှတ်တံဆိပ်သည် တစ်နိုင်ငံလုံး အထူးသဖြင့် မြန်မာပြည်အရှေ့ပိုင်းတွင် ကြီးမားကျယ်ပြန့်သော ပရိတ်သတ်တို့၏ မြင်ကွင်းတွင် အရေးပါသော နေရာမှ နေ၍ အရည်အသွေးမြင့် အမှတ်တံဆိပ်ဖြစ်ကြောင်း ပြသနေမည်ဖြစ်သည်။ လေကြောင်းလိုင်းများ နှင့် မြန်မာပြည် အရှေ့ပိုင်းရှိ အဓိက ကျသော ခရီးသွား တို့၏ လည်ပတ်ရာ နေရာများအပြင် အခြားသော ဟိုတယ်၊ စားသောက်ဆိုင်နှင့် ခရီးသွား ကုမ္ပဏီများတွင် လူကြီးမင်းတို့၏ အမှတ်တံဆိပ်ကို ကြော်ငြာပြီးသား ဖြစ်စေပါသည်။ ယခုပွဲသည် မြန်မာပြည်တွင်း သာမကဘဲ နိုင်ငံတကာမှတ်တမ်းထိပါ ပါသွားမှာဖြစ်သည့်အတွက် မြန်မာပြည် သာမက ကမ္ဘာကပါ သိသွားမည့် အခွင့်အရေးတစ်ရပ်ဖြစ်သည့်အတွက် စပွန်ဆာပေးခြင်းဖြင့် မိမိတို့၏ လုပ်ငန်း အမှတ်တံဆိပ်များကို ပြသ၍  ဂုဏ်ယူဝံ့ကြွားနိုင်မှာ ဖြစ်ပါသည်။

ဘာကြောင့် စပွန်ဆာခေါ်ရတာလဲ
အချို့သော နိုင်ငံခြားသားများသည် ၎င်းတို့နိုင်ငံတွင် ပြုလုပ်လေ့ရှိသော နိုင်ငံတကာ မော်တော်ဆိုင်ကယ် ပြပွဲနှင့် မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲကို မြန်မာနိုင်ငံ အနေဖြင့် အဆင့်မြင့်စွာ ကျင်းပ ပြုလုပ်နိုင်စွမ်း မရှိဘူးဟု ယူဆထားကြသူများ ရှိနေတာကို သိရှိရပြီး၊ မြန်မာနိုင်ငံသည်လည်း နိုင်ငံတကာနည်းတူ ခမ်းနားထည်ဝါသည့် ပွဲမျိုးကျင်းပနိုင်သည့် အရည်အချင်း ရှိကြောင်း ပြန်လည် ပြသနိုင်ရန်နှင့် နိုင်ငံခြားသားများမှ တာချီလိတ်တွင် ကျင်းပသော ပွဲတော်အား တွေ့မြင်သွားပြီးနောက် အံ့သြစရာအဖြစ် ဖြစ်ပေါ်သွားစေရန်ကို အထူးရည်ရွယ်သလို၊ ရရှိလာသော အကျိုးအမြတ်များကို Eastern Eagle မော်တော်ဆိုင်ကယ်ကလပ် အနေဖြင့် အသုံးပြုသွားမှာမဟုတ်ပဲ တာချီလိတ်ခရိုင်အတွင်း ပရဟိတလုပ်ငန်းများသို့ ပြန်လည် လှူဒါန်းနိုင်ရန်အတွက် အဓိက ရည်ရွယ်ထားရှိသည်ဖြစ်ရာ စပွန်ဆာများများရရှိပါက အခမ်းအနားအား ပိုမိုထည်ဝါစွာ ကျင်းပပြုလုပ်နိုင်ရန်နှင့် ပရဟိတဂေဟာများသို့လည်း လှူဒါန်းနိုင်ရန်အတွက် စပွန်ဆာခေါ်ရခြင်း ဖြစ်ပါသည်။

နိုင်ငံတကာ မော်တော်ဆိုင်ကယ် ပြပွဲနှင့် မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲတွင် လူကြီးမင်းတို့၏ လုပ်ငန်း အမှတ် တံဆိပ်များကို စပွန်ဆာပေး၍ ပြသလိုပါက အောက်ပါ လိပ်စာမှ တဆင့် အသေးစိတ် ဆက်သွယ် မေးမြန်းနိုင်မှာ ဖြစ်ပါသည်။

ဆက်သွယ်ရန်

EASTERN EAGLE MC CLUB HOUSE
အမှတ် ၅၃၊ သဇင်လမ်း၊
တာလော့ရပ်၊ တာချီလိတ်မြို့။
ထိုင်းဖုန်း 095-709-3331 ၊ 0896368849
မြန်မာဖုန်း ။    ။ 0936042660၊ 084 51176
မြန်မာဖုန်း 09450046600 ( တာချီလိတ်အွန်လိုင်း )

သိသင့်သည့် ဆက်စပ်သတင်းများ

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~