အခွန်အထမ်း အကြောင်းအရာ သိရှိရေး မိုင်းဖြတ်၌ အခွန်ပညာပေး

အခွန်အထမ်း အကြောင်းအရာ သိရှိရေး မိုင်းဖြတ်၌ အခွန်ပညာပေး
ဇူလိုင် 25, 2014
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့တွင် အခွန်ထမ်းပြည်သူများအား အခွန်ပေးဆောင်ရခြင်း သဘောသဘာဝကို သိရှိနားလည်စေရန်အတွက် ရည်ရွယ်၍ "အခွန်ပညာပေးရှင်းလင်းပွဲ" အခမ်းအနားကို ဇူလိုင်(၂၄) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်က ဘုရင်နောင်ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးစိုးအောင်က ၂၀၁၄ခုနှစ်၊ ပြည်ထောင်စုအခွန်ကောက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထိုနောက် တက်ရောက်လာသူများမှ သိလိုသည်များ မရှင်းလင်းသည်များကို မေးမြန်းရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဖြေ ကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်လွတ်တော်ကိုယ်စာလှယ်များ၊ ဌာနဆိုင်ရာများ၊ အထောက်အကူပြုကော်မတီများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ကြောင်းသိရသည်။

သတင်း။   ။ မောင်ဆွေငြိမ်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~