ကျပ်သိန်းပေါင်း (၁၁၆.၁၅)သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မယ်ယန်းပူးပေါင်းဂိတ်၌ ဖမ်းဆီးရမိ

ကျပ်သိန်းပေါင်း (၁၁၆.၁၅)သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မယ်ယန်းပူးပေါင်းဂိတ်၌ ဖမ်းဆီးရမိ
ဇူလိုင် 21, 2014
By Tachileik News Agency

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ယနေ့ ဇူလိုင်လ(၂၁)ရက် မွန်းလွဲ(၂း၃၀)နာရီအချိန်ခန့်က တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၁၁၆.၁၅)သိန်းခန့် တန်ဖိုးရှိသည့် အိုက်စ်အဖြူရောင်ပုံဆောင်ခဲများကို သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်ရဲဝင်းထွန်း ဦးစီးသည့် ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် ဖြတ်သန်း ဖြတ်လာ ယာဉ်များအား ရပ်တန့် စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် မိုင်းကိုးကျေးရွာဘက်မှ တာချီလိတ်ဘက်သို့ ကျအော မောင်းနှင်လာသော Vigo အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ကားအတွင်းထဲမှ အလေးချိန် (၀.၅၀၅)ကီလိုဂရမ်ရှိသည့် အိုက်စ်အဖြူရောင်ပုံဆောင်ခဲများကို ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းရာ ၎င်းနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူ အားချိန်အား ဟိုပုံကျေးရွာအတွင်း၌ ထပ်မံဖမ်းဆီးရရှိသည့်အတွက် ၎င်းတို့အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၀၄/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~