တာချီလိတ်ဖုန်းလမ်းညွှန် Mobile App ဗားရှင်း ၂ အတွက် မပါရှိသေးသည့် ဆက်သွယ်ရန် ဖုန်းနံပါတ်များအား အမြန်ဆုံး စာရင်းပေးသွင်းနိုင်

တာချီလိတ်ဖုန်းလမ်းညွှန် Mobile App ဗားရှင်း ၂ အတွက် မပါရှိသေးသည့် ဆက်သွယ်ရန် ဖုန်းနံပါတ်များအား အမြန်ဆုံး စာရင်းပေးသွင်းနိုင်
ဧပြီ 7, 2014
By Tachileik News Agency
တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက် အာခါဈေးလမ်းကြား ၀ိန်းကျောက်ဟိုတယ်အနီး၌ ဖွင့်လှစ်ထားသည့် Cyber Star Net Access & Mobile Service မှ Mobile Developed ကိုဆန်းမင်းဦးက တာချီလိတ်မြို့၌ ဆက်သွယ်မှုများသော ဖုန်းနံပါတ်များကို "တာချီလိတ် ဖုန်းလမ်းညွှန်"အမည်ဖြင့် Android App တစ်ခုကို ၂၀၁၄ခုနှစ် မတ်လအတွင်းက ရေးသား၍ ဗားရှင် (၁) အနေဖြင့် အခမဲ့ ထုတ်ဝေပေးလိုက်ပြီး ဖြစ်ရာ ယခုအခါမှာ မြန်မာ့ရိုးရာသင်္ကြန် နှစ်သစ်ကူး လက်ဆောင်အဖြစ် ဒီဇိုင်းပိုမိုလှပပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်များ စုံလင်လာမည့် "တာချီလိတ် ဖုန်းလမ်းညွှန်" ဗားရှင်း (၂)ကို သင်္ကြန်အမှီ အခမဲ့ ထုတ်ဝေပေးတော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
နှစ်သစ်လက်ဆောင်အဖြစ် အခမဲ့ ထုတ်ဝေမည့် ဒီဇိုင်းဆန်းဖြင့် တာချီလိတ်ဖုန်းလမ်းညွှန်
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယခင် ထုတ်ဝေပြီးသော ဗားရှင်း(၁)တွင် မပါဝင်သေးသည့် ဖုန်းနံပါတ်များကို သင်္ကြန်အမှီ အခမဲ့ထုတ်ဝေမည့် တာချီလိတ်ဖုန်းလမ်းညွှန် ဗားရှင်း (၂)၌ ထည်သွင်းလိုပါက အခမဲ့ ထည့်သွင်းပေးမှာဖြစ်ပြီး တာချီလိတ်မြို့မှ အရေးပေါ်ဌာနဆိုင်ရာများ၊ ဆေးရုံများ၊ ဘုန်းကြီးကျောင်းများ၊ ဘဏ်များ၊ ဟိုတယ်နှင့်တည်းခိုခန်းများ၊ အနီး/အဝေးပြေးကားဂိတ်များ၊ လူမှုကူညီရေးအသင်းများ နှင့် လေကြောင်းလိုင်းများ စသည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ဖုန်းနံပါတ်များကို Mobile Developed ကိုဆန်းမင်းဦး ထံ ဖုန်းဆက်၍ ဖြစ်စေ၊ Email ဖြင့် ပို့၍ ဖြစ်စေ၊ လူကိုယ်တိုင် သွားရောက်၍ ဖြစ်စေ မိမိတို့၏ လုပ်ငန်းသို့မဟုတ် ဌာနဖုန်းနံပါတ်များကို ပေးသွင်းနိုင်မှာ ဖြစ်ပါသည်။
{ ပုံတွင်ပါရှိသော ဆက်သွယ်ရန် လိပ်စာမှတဆင့် စာရင်းပေးနိုင် }

တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက် အာခါဈေးလမ်းကြား ၀ိန်းကျောက်ဟိုတယ်အနီး၌ ဖွင့်လှစ်ထားသည့် Cyber Star Net Access & Mobile Service သည် ဖုန်းအမျိုးမျိုးကို ပြုပြင်ပေးပြီး Android နှင့် ပတ်သက်၍ App များကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရေးသားပေးလျှက်ရှိကြောင်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~