၂၀၁၄ ခုနှစ် တာချီလိတ် ဗဟိုသင်္ကြန်မဏ္ဍပ် ဒီဇိုင်းအား တိုင်းရင်းသား လေးမျိုးကို ကိုယ်စားပြု၍ ဒီဇိုင်းပြုလုပ်

၂၀၁၄ ခုနှစ် တာချီလိတ် ဗဟိုသင်္ကြန်မဏ္ဍပ် ဒီဇိုင်းအား တိုင်းရင်းသား လေးမျိုးကို ကိုယ်စားပြု၍ ဒီဇိုင်းပြုလုပ်
ဧပြီ 1, 2014
By Tachileik News Agency
တာချီလိတ်မြို့နယ်၏ ၂၀၁၄ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ယခင်နှစ်ထက် စည်ကားသိုက်မြိုက် စေရန်ရည်ရွယ်ကာ ဗဟိုမဏ္ဍပ်အား ပေ ၁၀၀ အကျယ်ဖြင့် ဆောက်လုပ်မှာဖြစ်ပြီး ဗဟိုမဏ္ဍပ်၏ နောက်ခံ ပုံဒီဇိုင်းကို တာချီိလိတ်မြို့တွင် အများဆုံးနေထိုင်ကြသည် ဗမာ၊ ရှမ်း၊ အာခါ နှင့် လားဟူ တိုင်းရင်းသား လေးမျိုးကို ကိုယ်စားပြု၍ ဒီဇိုင်းပြုလုပ် ပုံဖော်ထားပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ဗဟိုမဏ္ဍပ်ကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ဧပြီလ(၁၁)ရက်နေ့မှာ စတင်၍ ဆောက်လုပ်ကြမှာ ဖြစ်ကြောင်း သိရသည်။
( ၂၀၁၄ခုနှစ် တာချီလိတ် မြန်မာ့ရိုးရာ ဗဟိုမဏ္ဍပ် ပုံဒီဇိုင်း )

အဆိုပါ ဗဟိုမဏ္ဍပ်၏ အဓိက ပံ့ပိုးမှုအဖြစ် SINGAH Beer မြန်မာကိုယ်စားလှယ်မှ မဏ္ဍပ်အပြင်အဆင်နှင့် ဖွင့်ပွဲ ဧည့်ခံမှုများကို ကူညီပံ့ပိုးပေးပြီး ထိုင်းနိုင်ငံဘက်မှ ခေတ်ပေါ်တီးဝိုင်းဖြင့် ထိုင်းနိုင်ငံ အဆိုတော်များလည်း လာရောက် သီဆို ဖျော်ဖြေမှာ ဖြစ်ကြောင်း သိရသည်။

၂၀၁၄ခုနှစ် တာချီလိတ် သင်္ကြန်ပွဲတွင် မြန်မာ့ရိုးရာ သင်္ကြန်အကများအနေဖြင့် တာချီလိတ်မြို့ရှိ ဌာန အချို့နှင့် ကျေးရွာ၊ ရပ်ကွက် အပြင် တိုင်းရင်းသားများ အပါအ၀င် မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအဖွဲ့ (၁၅)ဖွဲ့ဝန်းကျင် ပါဝင်၍ ကပြဖျော်ဖြေ ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~