သန်းခေါင်စာရင်း ကောက်ယူခဲ့သည့် စာရင်းစစ်၊ စာရင်းကောက်များအား ဂုဏ်ပြုပွဲ မိုင်းဖြတ်၌ ကျင်းပ

သန်းခေါင်စာရင်း ကောက်ယူခဲ့သည့် စာရင်းစစ်၊ စာရင်းကောက်များအား ဂုဏ်ပြုပွဲ မိုင်းဖြတ်၌ ကျင်းပ
ဧပြီ 11, 2014
By Tachileik News Agency
ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင် နှင့် မြို့နယ် သန်းခေါင်စာရင်းကော်မတီ မှ ၂၀၁၄ခုနှစ်၊ ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခဲ့သည့် စာရင်းစစ်၊ စာရင်းကောက်     များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း နှင့် ညစာစားပွဲ တည်ခင်းဧည့်ခံခြင်းအခမ်းအနားကို  ဧပြီလ(၁၀) ရက်၊ ည  (၇) နာရီ က ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနား၌ ခရိုင်သန်းခေါင်စာရင်းကော်မတီ  ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက မတ် (၃၀)ရက်မှ ဧပြီ (၁၀) ရက်နေ့အထိ  (၁၂)ရက်ကြာ ကောက်ယူခဲ့သည့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင်  အဖက်ဖက်မှ  အကြားအလပ်မရှိ  ၊ ရာနှုန်းပြည့် ၊ ကွက်ပြည့် ဆောင်ရွက်ပေးခဲ့သည့် ဆရာ၊ ဆရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ အထောက်အကူပြု ကော်မတီများ၊ မိဘပြည်သူများနှင့် လူမှုရေးအဖွဲ့အစည်းများ စည်းလုံး ညီညွတ်စွာ  ပူးပေါင်းပါဝင်၍  အောင်မြင်ခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ခဲ့၍ ဂုဏ်ပြုသည့် အနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ဂုဏ်ပြုမှတ်တမ်းလွှာများအား  ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကျော်ကျော်အုန်း  က    မိုင်းဖြတ်မြို့နယ်မှ စာရင်းစစ်၊ စာရင်းကောက် (၁၀၅)ဦး အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးအောင်မြင့်ကျော် နှင့် မိုင်းယောင်းမြို့နယ် မှ စာရင်းစစ်၊ စာရင်းကောက် (၈၃)ဦး အတွက်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းသို့ လည်းကောင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှူး  ဦးစက်ရွှေက မိုင်းယုမြို့နယ်ခွဲ မှ စာရင်းစစ်၊ စာရင်းကောက် (၂၀)ဦး အတွက်  ကိုယ်စားလှယ်တစ်ဦးသို့ လည်းကောင်း၊   သန်းခေါင်စာရင်းကောက် ယူရေးလုပ်ငန်းတွင်  အဖက်ဖက်မှ ပါဝင်ကူညီခဲ့သည့်  မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ  ဦးထွန်းရွှေ နှင့်  နမ့်ယွန်းပြည်သူ့စစ်ခေါင်းဆောင် ဦးကျစိုးဘို  တို့ အား  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် ကလည်းကောင်းပေးအပ်ပြီး  ၊  တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား    ဂုဏ်ပြုညစာဖြင့်  တည်ခင်းဧည့်ခံပေးခဲ့ကြောင်းသိရှိရသည်။

ဓါတ်ပုံ/သတင်း။     ။ ဝေယံလင်း(iprd) 
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~