ကွတ်ခိုင်၌ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

ကွတ်ခိုင်၌ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ
ဧပြီ 7, 2014
By Tachileik News Agency
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင် မူးယစ်တပ်ဖွဲ့စု(၃၀)မူဆယ် နှင့် ကွတ်ခိုင်လှုပ်ရှား မူးယစ်အဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ယနေ့ ဧပြီလ(၇)ရက် ညနေ (၅း၃၀)နာရီအချိန်ခန့်က ကွတ်ခိုင်မြို့ ရပ်ကွက်(၇)၊ စုစည်းရပ်ကွက်အနီး ကားလမ်းမပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၃၈၀)ပြားကို တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့ ရပ်ကွက်(၇)၊ စုစည်းရပ်ကွက်အနီး ကွတ်ခိုင် - တာမိုညဲ သွား ကားလမ်းမပေါ်တွင် အဆိုပါ ပူးပေါင်းအဖွဲ့မှ  မူးယစ်ဆေးဝါး သတင်းအရ ယာဉ်များအား ရပ်တန့်ရှာဖွေမှုများ ပြုလုပ်နေစဉ် မော်ဟန်ရွှာဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ မောင်ကျန်းရင်xx စီးနင်းမောင်းနှင်လာသည့် မောင်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် မီးခိုးရောင် အနွေးထည် အင်္ကျီအိတ်ကပ်အတွင်းမှ ပလပ်စတစ်အိတ် ငှက်ပျောရွက်တို့ဖြင့် ထုပ်ထားသည့် ကွမ်းယာထုပ်အတွင်း ပလပ်စတစ်တိပ်ဖြင့် ပတ်ထားသည့် ကပ်ခွာအိတ်ထဲမှ Wyစာတမ်းပါသည့် နီညိုရောင် စိတ်ကြွဆေးပြား (၃၈၀)ပြားကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ မောင်ကျန်းရင်xx အား ကွတ်ခိုင်မြို့မရဲစခန်းမှ မယ(ပ)၄၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~