ဓမ္မစေတီ ဆရာတော်မှ တာချီလိတ်၌ ၇ ညတိုင်တိုင် နှလုံးသားဝယ် ဘုရားတည်တရားတော် ဟောကြားမည်

ဓမ္မစေတီ ဆရာတော်မှ တာချီလိတ်၌ ၇ ညတိုင်တိုင် နှလုံးသားဝယ် ဘုရားတည်တရားတော် ဟောကြားမည်
ဧပြီ 19, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ရှိ ရှင်အရဟံ မထေရ်မြတ်နှင့် အနော်ရထာမင်းမြတ် ရုပ်တုတော်များ တည်ထားပူဇော်သည့် အဖွဲ့မှ တာချီလိတ် သီရိမင်္ဂလာဆန်ဆိုင်း ရှမ်းကျောင်းတိုက်တွင် (၇)ညတိုင်တိုင် တရားပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ဓမ္မစေတီဆရာတော် အရှင်ကောသလ္လမှ ကြွရောက်၍ တရားတော်ဟောကြားတော်မူမှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့တို့သည် "နှလုံးသားဝယ် ဘုရားတည်"ခေါင်းစဉ်ဖြင့် ၂၀၁၄ခုနှစ် ဧပြီလ(၂၃)ရက်မှ ဧပြီလ(၂၉)ရက်နေ့ထိ (၇)ညတိုင်တိုင် တရားပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ဓမ္မစေတီဆရာတော် အရှင်ကောသလ္လမှ စေတီပုထိုးတည်ထားကိုးကွယ်ခြင်းနှင့် ပတ်သက်၍ (၇)ညတိုင်တိုင် အသေးစိပ် ရှင်းလင်းဟောကြားသွားမှာဖြစ်ကြောင်း သိရသည်။

အဆိုပါ (၇)ညတိုင်တိုင် တရားပွဲဖြစ်မြောက်ရန်အတွက် ဓမ္မပူဇာ ကုသိုလ်ရှင်များအဖြစ် ဦးတင့်ဆွေ(မဇ္ဈိမလူမှုကူညီရေးအသင်း)၊ ဦးစိုင်းဝဏ္ဏထွန်း+ဒေါ်နန်းရှဲန်ယုန်း (၀ဏ္ဏသိန်းသန်း သတ္တုတူးဖော်ရေးကုမ္ပဏီ) မိသားစု၊ ဦးဌေး+(ဒေါ်ခင်စန်းဝင်း) ဆောက်လုပ်ရေးလုပ်ငန်း မိသားစု၊ ဦးအောင်ကြိုင် + ဒေါ်ချို အလူမီနီယံ စတီးလ်လုပ်ငန်း မိသားစု၊ ဦးမောင်မောင်တင် + ဒေါ်ဖြူဖြူ (စွမ်းထက်စတိုး)မိသားစု၊ ဦးရောင်လင်း + ဒေါ်သက်ထား ( ရွှေသဲမိသားစု)၊ ဦးကျော်မိုး + ဒေါ်မီမီလှိုင် (ရွှေသဲမိသားစု) နှင့် ဦးစိုင်းအောင်စိုးမင်း + ဒေါ်မျိုးဥမ္မာမြင့် မိသားစုတို့မှ ပါဝင်ကုသိုလ်ယူ၍ လူမှုရေးအသင်းအဖွဲ့များဖြင့် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

ဓမ္မစေတီဆရာတော် အရှင်ကောသလ္လမ၏  နှလုံးသားဝယ် ဘုရားတည် (၇)ညတိုင်တိုင် တရားပွဲအား တာချီလိတ်ရွှေတိဂုံစေတီရင်ပြင်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ရန် ပြောင်းလဲ စီစဉ်လိုက်တာ ဖြစ်ကြောင်းလဲ သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~