၂၀၁၃ခုနှစ်၏ စူဠဘွဲ့နှင်းသဘင် တာချီလိတ်၌ ကျင်းပ

၂၀၁၃ခုနှစ်၏ စူဠဘွဲ့နှင်းသဘင် တာချီလိတ်၌ ကျင်းပ
ဧပြီ 10, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်တွင် ပြီးခဲ့သော ၂၀၁၃ခုနှစ်က  အစိုးရပါဠိ ပထမပြန်စာမေးပွဲ ငယ်၊ လတ်၊ ကြီးအတန်းများတွင် အောင်မြင်ခဲ့ကြသော စာအောင် သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ ဧပြီလ(၁၀) မွန်းလွှဲ(၁)နာရီအချိန်က တာချီလိတ်မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ စူဠဘွဲ့နှင်းသဘင် အခမ်းအနားတွင် ၂၀၁၃ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ငယ်၊ လတ်၊ ကြီးအတန်းများအနက် ပထမကြီးတန်း နှင့် ပထမငယ်တန်းတို့တွင် အောင်မြင်ခဲ့ကြသော စာအောင် သံဃာတော်များနှင့် သီလရှင် စုစုပေါင်း (၁၃)ပါးကို အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် ခရိုင်တရားသူကြီး ဦးအေးလွင်၊ မြို့နယ်ဂေါပက ဥက္ကဌ ဦးမောင်လေး၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့် နှင့် မြန်မာ့စီးပွားရေးဘဏ် လက်ထောက်မန်နေဂျာ ဒေါ်နန်းသိင်္ဂီံတို့မှ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

၂၀၁၃ခုနှစ်၏ အစိုးရပါဠိပထမပြန်စာမေးပွဲ ငယ်၊ လတ်၊ ကြီးအတန်းများတွင် ၀င်ရောက်ဖြေဆိုကြသည့် သံဃာတော်များ နှင့် သီလရှင် စုစုပေါင်း (၅၉)ပါးရှိရာမှ ငယ်၊ လတ်၊ ကြီးအနက် ပထမငယ်တန်းနှင့် ပထမကြီးတန်းတို့တွင် စုစုပေါင်း (၁၃)ပါး စာအောင်ကြရာ အဆိုပါ (၁၃)ပါးထဲတွင် သီလရှင် (၂)ပါး ပါဝင်ကြောင်း သိရသည်။

အဆိုပါ စူဠဘွဲ့နှင်းသဘင် အခမ်းအနားတွင် ကြွရောက်လာသော ဆရာတော်ဘုရားကြီးများနှင့် စာအောင် သံဃာတော်များ အပါအ၀င် သီလရှင်များအား အလှူရှင်များမှ လှူဘွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းရာတွင် ကျပ်ငွေ ဆယ့်သုံးသိန်းခုနှစ်သောင်းငါးထောင်ကျပ်ရှိကြောင်း သိရှိရသည်။
သတင်း။      ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~