တာချီလိတ်သင်္ကြန်အကြတ်နေ့တွင် ပုန်းထွန်ချောင်း၌ လူတစ်ဦး ရေနစ်သေဆုံး

တာချီလိတ်သင်္ကြန်အကြတ်နေ့တွင် ပုန်းထွန်ချောင်း၌ လူတစ်ဦး ရေနစ်သေဆုံး
ဧပြီ 15, 2014
By Tachileik News Agency

ယနေ့ ၂၀၁၄ခုနှစ် ဧပြီလ(၁၅)ရက် သင်္ကြန်အကြတ်နေ့ မွန်းလွဲပိုင်းက သင်္ကြန်ကာလအတွင်း ရေကစားသည့် နေရာဖြစ်သော တာချီလိတ်မြို့ ပုန်းထွန်ချောင်းတွင် အသက်(၂၂)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး အရက်အမူးလွန်ကာ ရေထဲ ပြုတ်ကျပြီး ရေနစ်သေဆုံးသွားကြောင်း သိရသည်။

ယခုနှစ်တွင် အဆိုပါ ချောင်းတွင် ရေနစ်သေဆုံးမှုများ မရှိစေရန် အတွက် ချောင်းအတွင်း တာဝန်ရှိသူများက ရေ၀ဲရှိသည့် နေရာများတွင် ရေနစ်သည့်အခါ မြုပ်မ၀င်သွားစေရန်အတွက် ကားကြီးဖြင့် အစီး (၂၄)စီးခန့်ရှိ  ကျောက်ကြီးများကို ထည့်ထားသော်လည်း ယခု ရေနစ်သေဆုံးမှုသည် အမူးလွန်သွားရာမှ ရေထဲကျကာ ရေနစ်သေဆုံးတာ ဖြစ်ကြောင်း သိရသည်။

မြို့မိမြို့ဖ တစ်ဦးမှလည်း ရေနစ်သေဆုံးမှုများနှင့် ပတ်သက်၍ "ပုန်းထွန်ချောင်းမှာ ရေကစားကြတာ ပျော်ဖို့ကောင်းပေမဲ့၊ အမူးလွန်တဲ့ လူတွေအတွက်တော့ အန္တရာယ်သိပ်ကြီးတဲ့နေရာပဲ၊ အဲ့ဒါကြောင့် ရေကူး ဘယ်လောက်ကျွမ်းကျွမ်း အမူးလွန်နေရင် အခုလို ဖြစ်တတ်တယ်၊ ခုလို အချိန်ကာလမှာ ကလေးသူငယ်လေးတွေနဲ့ အမူးသမား ရေထဲ ဆင်းဆော့ရင် သတိထားရလိမ့်မယ်၊ မဟုတ်ရင် မထင်မှတ်တာတွေ ဖြစ်တတ်တာပေါ့"ဟု  အများပြည်သူများအား အသိပေးအနေဖြင့် တာချီလိတ်အွန်လိုင်းသို့ ပြောကြားသည်။

တာချီလိတ်မြို့တွင် သင်္ကြန်ရောက်သည့် အချိန်အခါတိုင်း၌ နှစ်တိုင်းလိုလိုပင် ရေနစ်သေဆုံးမှုများနှင့် ကျောက်ဆောင်ဖြင့် ဦးခေါင်းရိုက်မိရာမှ သေဆုံးသွားမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~