"လွိုင်နမ့်ခုံး" ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး အဆင့်မြင့်ယာဉ် အသင်းမှ ခရီးသည်များအား စိတ်တိုင်းကျ ၀န်ဆောင်မှု ပေးနေပြီး လက်မှတ်များအား အိမ်အရောက် ပို့စနစ်ဖြင့် ရောင်းချပေးနေပြီ

"လွိုင်နမ့်ခုံး" ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး အဆင့်မြင့်ယာဉ် အသင်းမှ ခရီးသည်များအား စိတ်တိုင်းကျ ၀န်ဆောင်မှု ပေးနေပြီး လက်မှတ်များအား အိမ်အရောက် ပို့စနစ်ဖြင့် ရောင်းချပေးနေပြီ
အောက်တိုဘာ 5, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက်ပိုင်း နှင့် တောင်ပိုင်းစသည့် ဒေသများရှိ တာချီလိတ် - ကျိုင်းတုံ - ကွန်ဟိန်း - ခိုလမ် - နမ့်စန် - လွယ်လင် - ပင်လုံ - လဲချား - မိုင်းကိုင် - မိုင်းရှုး - ကျေးသီး - လားရှိုး - တောင်ကြီးစသည့် မြို့များသို့  "လွိုင်နမ့်ခုံး" ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေး အဆင့်မြင့်ယာဉ်အသင်းမှ ခရီးသည်များ စိတ်တိုင်းကျ ပို့ဆောင်ပေးနေလျှက်ရှိကြောင်း သိရပါသည်။

"လွိုင်နမ့်ခုံး" ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေး အဆင့်မြင့်ယာဉ်အသင်းသည် တာချီလိတ် - ကျိုင်းတုံ - ကွန်ဟိန်း - ခိုလမ် - နမ့်စန် - လွယ်လင် - ပင်လုံ - လဲချား - မိုင်းကိုင် - မိုင်းရှုး - ကျေးသီး - လားရှိုး - တောင်ကြီး စသည့် မြို့များကို ယာဉ်လိုင်းတစ်ခုတည်းဖြစ် ပြေးဆွဲနေတာမဟုတ်ပဲ လွိုင်နမ့်ခုံမှ သတ်မှတ်ထားသော လိုင်းခွဲများအလိုက် ပြေးဆွဲနေတာဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံခြားသား ဧည့်သည်များအတွက်သော် လည်းကောင်း၊ ပြည်တွင်းဧည့်သည်များ အတွက်သော် လည်းကောင်း တာချီလိတ် - ကျိုင်းတုံ - မိုင်းလား ခရီးစဉ်ကိုလည်း စီးလုံးငှားလိုပါက လက်ခံပို့ ဆောင်ပေးပြီး ခရီးသည်များ အဆင်ပြေချောမွေ့စေရန်အတွက် ဆောင်ရွက်ပေးလျှက်ရှိသည်။

"ကျွန်မတို့ "လွိုင်နမ့်ခုံး"ယာဉ်လိုင်းအနေနဲ့ ခရီးသည်ဘက်က ဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ အိမ်တိုင်ရာရောက် လက်မှတ်လာဖြတ်ပေးပြီး ကြို/ပို့ စနစ်လည်း လုပ်ပေးပါတယ်၊ ရောက်တဲ့မြို့မှာလည်း ခရီးသည်ရဲ့ အိမ်ကို အရောက်ပို့ဆောင်ပေးပါတယ်၊ ခရီးသည် စိတ်တိုင်းကျ ခရီးစဉ်တစ်လျှောက် ၀န်ဆောင်မှုပေးပါတယ်"ဟု  "လွိုင်နမ့်ခုံး"ယာဉ်လိုင်းမှ ဒေါ်နန်းထွေးက တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

"လွိုင်နမ့်ခုံး" ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေး အဆင့်မြင့်ယာဉ်အသင်း ယာဉ်လိုင်းသို့ ခရီးစဉ်အတွက် စုံစမ်းလိုသည်ဖြစ်စေ၊ ခရီးစဉ်လက်မှတ် ကိစ္စအတွက် စုံစမ်းလိုသည်ဖြစ်စေ အောက်ပါ သက်ဆိုင်ရာ မြို့များ၏ ဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မှာ ဖြစ်ပါသည်။

တာချီလိတ်
မြန်မာဖုန်း။     ။ 084-52141, 09-36042482, 09-49032952
ထိုင်းဖုန်း။       ။ 081-5301672, 081-5946209, 086-9234032

ကျိုင်းတုံ
084-21107, 09-428213318, 09-422507607

တောင်ကြီး

081-200631 , 081-201490 , 09-250473933 , 09-36255221

ကွန်ဟိန်း
09-250486536, 09-250252441

မိုင်းကိုင်
09-49360061

ကျေးသီး
09-33430745, 0949234718

မိုင်းရှူး
09-36042482

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
1-6-2014 --> 1.12.2014