တာချီလိတ်၌ ကျပ်သိန်း ၉၀၀ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် ထိုင်းဘတ်ငွေစက္ကူ အတုများ ဖမ်းဆီးရမိ

တာချီလိတ်၌ ကျပ်သိန်း ၉၀၀ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် ထိုင်းဘတ်ငွေစက္ကူ အတုများ ဖမ်းဆီးရမိ
အောက်တိုဘာ 20, 2013
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါလျှံ(၁)ရပ်ကွက်၊ အိမ်အမှတ် ( ---- )တွင် မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျပ်သိန်းပေါင်း ၉၀၀ ခန့်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၁၀၀၀တန် ငွေစက္ကူအတု အရွက် ၁၀၀၀ တို့အား  တရားခံနှင့်အတူ ၂၀.၁၀.၂၀၁၃ရက်၊ ည ၆နာရီ ၄၅ မိနစ်အချိန်ခန့်က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါး သတင်းပေးချက်အရ  ပါလျှံ(၁)ရပ်ကွက်၊ အိမ်အမှတ်( ---- ) ဦးဆန်းxxxx၏ နေအိမ်အား ၀င်ရောက် စစ်ဆေး ရှာဖွေရာ နေအိမ်အရှေ့ဘက် မီးဖိုချောင် အရှေ့ဘက်ထောင့် အုတ်ကြမ်းပြင်အောက် အံဝှက် အတွင်းမှ အ၀ါရောင် ပလပ်စတစ်များဖြင့် ထုတ်ပိုးထားသည့် အိုက်စ်(ရေခဲ)  ပါသည့် ၆ ထုပ် စုစုပေါင်း အလေးချိန်မှာ ၄.၅ကီလို ရှိသည့်အတွက် ၁ ကီလိုလျှင် ကျပ်သိန်း ၂၀၀ ဖြင့် တွက်သော် စုစုပေါင်း တန်ဖိုးငွေ ကျပ် သိန်း၉၀၀ ခန့် ရှိကြောင်းသိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ  ဦးဆန်းxxxx၏ နေအိမ် အိပ်ခန်းအတွင်းသို့ ဆက်လက်၍ ရှာဖွေရာ ဗီဒိုထဲမှ ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၁၀၀၀ တန် ငွေစက္ကူအတု အရွက် ၁၀၀၀ တို့အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ထိုသို့တွေရှိရသည့်အတွက် မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ဦးဆန်းxxxအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၃၃/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~