ကိုယ်ဝန်ဆောင် မိခင်များ၏ ကျန်းမာရေးအတွက် အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း၌ စမ်းသပ်စစ်ဆေးနိုင်ပြီ

ကိုယ်ဝန်ဆောင် မိခင်များ၏ ကျန်းမာရေးအတွက် အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း၌ စမ်းသပ်စစ်ဆေးနိုင်ပြီ
သြဂုတ် 13, 2013
By Tachileik News Agency

တာချီလိတ်မြို့ရှိ ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် မိမိတို့၏ ၀မ်း၌လွယ်ထားသော ရင်သွေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ကိုယ်ဝန်အပ်နှံခြင်းများအပြင် မိခင်နှင့်ကလေး ကျန်းမာရေး ကောင်းမွန်စေရန်အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးများ သောက်သုံးရမည့် စားဆေး၊ ထိုးဆေးနှင့် အားဆေးများအပြင် လိုအပ်မည့် ကာကွယ်ဆေး အမျိုးမျိုးတို့အတွက် အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းမှ မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် ၀န်ဆောင်မှု ပေးနေလျှက်ရှိကြောင်း သိရသည်။

သားဖွားနှင့်မီးယပ် အထူးကု ဆရာဝန်ကြီးကိုယ်တိုင်  အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း၌ အပတ်စဉ် စနေနေ့ နှင့် တနင်္ဂနွေနေ့တိုင်း နံနက် ၁၀ နာရီမှ ၁၁ နာရီအချိန်ထိ လက်ခံစမ်းသပ် စစ်ဆေးပေးနေလျှက်ရှိရာ ကိုယ်ဝန်ဆောင်မိခင်များ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း အချက်အလက်များ အပြင် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို သားဖွားနှင့် မီးယပ် အထူးကုဆရာဝန်ကြီးကိုယ်တိုင် ကြပ်မတ်ကုသပေးပြီး လိုအပ်ပါက အာထရာဆောင်း(Ultrasound) စက်ဖြင့် စမ်းသပ် စစ်ဆေးပေးမှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။

" ဦးလှိုင်တို့ အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းက ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ကျန်းမာရေးစစ်ဆေးပေးမှုတွေ နဲ့ အာထရာဆောင်း(Ultrasound) စက်ဖြင့် စမ်းသပ် စစ်ဆေးပေးမှုများ ပြုလုပ်ပေးတဲ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ တာချီလိတ်ဆေးရုံမှာပဲဖြစ်ဖြစ်၊ ထိုင်းနိုင်ငံဘက်က ဆေးရုံတွေမှာပဲဖြစ်ဖြစ် မီးဖွားချင်တယ်ဆိုရင် အဆင်ပြေအောင် ချိတ်ဆက်ပြီးတော့ စီစဉ်ပေးပါတယ်"ဟု အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းပိုင်ရှင် ဦးတင်လှိုင်မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြပါသည်။

"ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကိုယ်ဝန်အပ်နှံတာပဲဖြစ်ဖြစ်၊ ရင်သွေးအတွက် ကျန်းမာရေး စစ်ဆေးချင်လို့ပဲဖြစ်ဖြစ်၊ မိခင်အတွက် လိုအပ်လို့ ကျန်းမာရေး စစ်ဆေးချင်တာပဲဖြစ်ဖြစ်၊ ဦးလှိုင်တို့
အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း က အကောင်းဆုံးဖြစ်အောင် ၀န်ဆောင်မှုတွေပေးနေပါတယ်၊ နေရာကျယ်ဝန်းမှုရှိသလို၊ ခေတ်မီတဲ့ စက်ပစ္စည်းတွေနဲ့ စမ်းသပ် ဆေးစစ်ပေးတဲ့အပြင် လာရောက်စမ်းသပ်စစ်ဆေးကြတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် စိတ်ကျေနပ်မှုရှိအောင်နဲ့ အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးထားပါတယ်"ဟု  အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းပိုင်ရှင် ဦးတင်လှိုင်မှ ဆက်လက်ရှင်းပြပါသည်။

အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းတွင် မျက်စိကုသခြင်းနှင့် ပတ်သက်၍ ၀ါတွင်းကာလအတွင်း စက္ခုဒါနအဖြစ် (၃၆)ဦးအား ဦးစားပေးစနစ်ဖြင့် အခမဲ့ ခွဲစိတ်ကုသပေးလျှက်ရှိပြီး နား၊ နှာခေါင်း၊ လည်ချောင်း၊ နှလုံး၊ အရိုးအကြော၊ သားဖွား နှင့် အထွေထွေရောဂါများအား အထူးကုဆရာဝန်ကြီးများဖြင့် ကုသပေးလျှက်ရှိရာ လူနာများအတွက် အဆင်ပြေချောမွေ့စေရန် နှင့် စိတ်ကျေနပ်မှုရှိစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော  တာချီလိတ်မြို့၏ ပထမဆုံး (၂၄)နာရီ အထူးကုဆေးခန်း ဖြစ်ကြောင်း သိရှိရသည်။

တည်နေရာ
အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း
မဟာမြတ်မုနိဘုရားကြီးကျောင်း(မြောက်ဘက်မုခ်ဦးအနီး)
မဟာဗောဓိကုန်းနှင့် ရွှေတိဂုံဘုရားတက်လမ်း
မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။
ဖုန်း။    ။ 084-51491 | 084-51895 | 084-52901