ထိုင်နိုင်ငံ မယ်ဆိုင်မြို့အတွင်း ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသော မြန်မာယာဉ်များအား ယာဉ်/လမ်းစည်းကမ်း လိုက်နာရန် အတွက် ထိုင်းသတင်းဌာနမှ ဖော်ပြ

ထိုင်နိုင်ငံ မယ်ဆိုင်မြို့အတွင်း ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသော မြန်မာယာဉ်များအား ယာဉ်/လမ်းစည်းကမ်း လိုက်နာရန် အတွက် ထိုင်းသတင်းဌာနမှ ဖော်ပြ
အောက်တိုဘာ 23, 2012
By Tachileik News Agency

ထိုင်း-မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်း တာချီလိတ်ဘက်မှ ၀င်ရောက်၍ မြန်မာများအနေဖြင့် ပစ္စည်းတင်ဆိုင်ကယ်များ လှည်းများမောင်းနင်ပြေးဆွဲနေခြင်းအပေါ် ယာဉ်အန္တရာယ် နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ စနစ်တကျရှိစေရန်အတွက် မယ်ဆိုင်သတင်းဌာနမှ ထိုင်းအစိုးရတာဝန်ရှိသူများထံသို့ ကြီးကြပ်ထိန်းသိမ်းနိုင်ရန်အတွက် အောက်တိုဘာ(၂၂)ရက်နေ့က သတင်းဖော်ပြခဲ့ကြောင်းကို သိရှိရပါတယ်။

၎င်းတို့ရဲ့ ဖော်ပြချက်တွင် မြန်မာယာဉ်များသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်း သွားလာလှုပ်ရှားနေတတ်သည်မှာ မဆန်းသော်လည်း တစ်ချို့မှာကုန်ပစ္စည်းများကို အလွန်အကျွံတင်၍ မောင်းနင်နေခြင်းမှာ  ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာပုံမရကြောင်း၊ တစ်ချို့ကုန်ပစ္စည်းသယ်ယာဉ်များမှာ ချို့ယွင်းနေပြီး တရားဝင် လုပ်ဆောင်ခြင်းရှိမရှိကိုလည်း တာဝန်ရှိသူများမှ စစ်ဆေးပုံမရကြောင်း၊ အဆိုပါယာဉ်တွေကြောင့် မယ်ဆိုင်မြို့ မိန်းလမ်းကြီးမှာ အလွန်မှ အန္တရာယ်ရှိကြောင်း၊ တစ်ခါတစ်လေ၌ ကုန်ပစ္စည်းတွေ အလွန်အကျွံတင်ပြီး ဘီးချော် ဘီးပေါက်၍ လမ်းမပေါ်တွင် ယိုင်တိယိုင်တိုင်ဖြစ်နေတတ်ပါကြောင်း ထို့အတွက်ကြောင့်  ဒီယာဉ်အသေးတွေကို လမ်းစည်းကမ်း နှင့် ညီမျှစေရန်အတွက် တာဝန်ရှိသူများအနေဖြင့် ကြီးကြပ်ထိန်းသိမ်းဆောင်ရွက်ပေးစေလိုကြောင်း ဖော်ပြခဲ့ပါတယ်။

မြန်မာလုပ်သား ကုန်ပစ္စည်းသယ်ယာဉ်များအနေဖြင့် ကုန်ပစ္စည်းများကို အမြောက်အများသယ်ရခြင်းမှာ  ထိုင်းသစ်တော၊ ထိုင်းလ၀ကနှင့် ထိုင်းယာဉ်ထိန်းအပြင် ထိုင်းရဲများကိုလည်း လိုင်းကြေးပေးရတာဖြစ်တဲ့အတွက်ကြောင့် သယ်ဆောင်မှုစရိတ် ညီမျှစေရန်အတွက် ယခုလို သယ်ရတယ်လို့ ကုန်ပစ္စည်းလှည်းဆွဲသူ မြန်မာလုပ်သား တစ်ဦးမှ တာချီလိတ်အွန်လိုင်းစာမျက်နှာသို့ ပြောပါတယ်။

မြန်မာဘက်မှ ထိုင်းဘက်သို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာမှာ ယခင်က လှည်းများနဲ့သာ အသုံးများခဲ့ပြီး  ယခုအခါမှာတော့ လှည်းအနည်းအငယ်သာ အသုံးပြုလာခဲ့ကြပြီး ယာဉ်အန္တရာယ်ထိခိုက်မှုလျော့နည်းစေပြီး မောင်းနင်ရလွယ်ကူသော သုံးဘီးဆိုင်ကယ်များဖြင့် ပြောင်းလဲအသုံးပြု လာခဲ့ကြတာကို တွေ့ရပါတယ်။

ထို့အတွက်ကြောင့် ထိုင်းနိုင်ငံအတွင်း ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးနေသော မြန်မာလုပ်သားများ၏ ယာဉ်အန္တရာယ် နှင့် ကုန်ပစ္စည်းအလွန်အကျွံသယ်ဆောင်မှုမှာ ထိုင်းသတင်းဌာနရဲ့ အဆိုအတိုင်းဖြစ်ပေါ်လာမှု့ လျော့နည်းသွားနိုင်ကြောင်း ယူဆမိပါတယ်။

သို့သော်လည်း မြန်မာလုပ်သားများအနေဖြင့် မည်သို့ဖြစ်စေ တစ်ဖက်နိုင်ငံတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း တတ်သိနားလည်ရန်တော့ လိုပါတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သက်၍ မြန်မာလုပ်သားများအနေဖြင့် တာချီလိတ်မြို့မှ တစ်ဖက်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ယာဉ်များ လှည်းများ နှင့် သုံးဘီးဆိုင်ကယ်များဖြင့် မောင်းနင်ရာမှာတော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အထူးသတိပြုဖို့ လိုပြီး မိမိတို့၏ ယာဉ်ဆိုင်ကယ်/လှည်းများကိုလည်း စနစ်တကျ ဖြစ်စေရန်အတွက် သတိပြုစစ်ဆေးမှုများပြုလုပ်စေလိုကြောင်း အကြံပြုလိုပါတယ်။

Photo: Maesai News