တာချီလိတ်ရွှေတိဂုံစေတီတော် ထီးတော်တင်ခြင်း (၁၄)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဘုရားအနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

တာချီလိတ်ရွှေတိဂုံစေတီတော် ထီးတော်တင်ခြင်း (၁၄)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဘုရားအနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
အောက်တိုဘာ 27, 2012
By Tachileik News Agency

တာချီလိတ်ရွှေတိဂုံစေတီတော်အား ထီးတော်တင် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဘုရားအနေကဇာတင်ခြင်းနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာများနဲ့ ရပ်မိရပ်ဖ အလှူရှင်များမှ ၂၀၁၂ခုနှစ် အောက်တိုဘာ(၂၇)ရက်နေ့ နံနက်(၅)နာရီက စတင်ကျင်းပခဲ့ကြပါတယ်။

 နံနက်(၅)နာရီမှာ ဘုရားအနေကဇာတင်ခြင်းအစီအစဉ်ကို စတင်ခဲ့ကြပြီးနောက် နိုင်ငံတော်သြ၀ါဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက၊ အဂ္ဂမဟာပဏ္ဍိဘွဲ့တံဆိပ်တော်ရ ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရီ(နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး) အပါအ၀င် သံဃာတော်များ၊ ကိုရင်များ နဲ့ မယ်သီလရှင်များ စုစုပေါင်း အပါး(၃၀၀)၀န်းကျင်တို့ကို အလှူရှင်များမှ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြပါတယ်။ ဆွမ်းဆန်စိမ်းလောင်းလှူအပြီးမှာတော့ ရေစက်ချတရားနာ အမျှဝေ၍ အစီအစဉ်အားပြီးမြောက်စေခဲ့ပါတယ်။

 
 
 

ဘုရားအနေကဇာတင်ခြင်းနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ပြုလုပ်ရခြင်းမှာ တာချီလိတ်ရွှေတိဂုံစေတီတော်အား ထီးတော်တင်ခဲ့သည်မှာ (၁၄)နှစ်မြောက်ခဲ့ပြီဖြစ်တာကြောင့် ထီးတော်တင်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ပြုလုပ်တာဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးမှ ပြောပါတယ်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်မှာ တည်ထားကိုးကွယ်ထားတဲ့ တာချီလိတ်ရွှေတိဂုံစေတီတော်ကို ၁၉၉၅ခုနှစ် နိုဝင်ဘာ(၂)ရက်နေ့က စတင် ပန္နက်တင်ပြီး တည်ထားခဲ့တာဖြစ်ပြီး ရွှေထီးတော်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကို ၁၉၉၅ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မှတ်တမ်းဓါတ်ပုံများအားကြည့်ရန်