နိုင်ငံပေါင်း (၂၉)နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်သည် မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ မရှိကြောင်း ကျန်းမာရေးထုတ်ပြန်

နိုင်ငံပေါင်း (၂၉)နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်သည် မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ မရှိကြောင်း ကျန်းမာရေးထုတ်ပြန်
ဖေဖော်ဝါရီ 23, 2020
By Tachileik News Agency
နိုင်ငံပေါင်း (၂၉)နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်သည် မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ မရှိကြောင်း ကျန်းမာရေးထုတ်ပြန် 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၂၉)နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ် ဟု ခေါ်သည့် Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ မတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ကာ  တောင်ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ၊ အီတလီ၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ အီရတ်၊ ဩစတေးလျ၊ မလေးရှား၊ ဂျာမဏီ၊ ဗီယက်နမ်၊ အာရပ်စော်ဘွားများနိုင်ငံ၊ ပြင်သစ်၊ ကနေဒါ၊ ဗြိတိန်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ရုရှား၊ စပိန်၊ လက်ဘနွန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ အစ္စရေး၊ ဘယ်လ်ဂျီယံ၊ ဖင်လန်၊ ဆွီဒင်၊ အီဂျစ် နှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း (၂၉)နိုင်ငံအထိ ကူးဆက်ပျံ့နှံ့နေခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၂၀ခုနှစ် ဇန်နရီဝါရီလ(၂၆)ရက်နေ့က ကူးစက်ခံရသူ (၂၂၀၀)ကျော်သာ ရှိခဲ့ရာမှာ ဖေဖော်ဝါရီလ(၂၃)ရက်နေ့အထိ တစ်လဝန်းကျင်းအတွင်း နိုင်ငံပေါင်း (၂၉)နိုင်ငံသို့ ကူးစက်ခံရသူ စုစုပေါင်း (၇၈,၈၂၃)ဦးရှိပြီး သက်သာပျောက်ကင်း ဆေးရုံဆင်းသွားကြသူများမှာ (၂၃,၃၇၇)ဦးရှိရာ သေဆုံးသူ စုစုပေါင်းမှာလည်း (၂,၄၆၃)ဦးအထိ ရှိလာကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~