ပြည်သူ့လွှတ်တော် ဥက္ကဌအား တာဝန်မှ ရုပ်သိမ်းရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံကိုယ်စား မိုင်းပျဉ်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဆိုတင်သွင်း

ပြည်သူ့လွှတ်တော် ဥက္ကဌအား တာဝန်မှ ရုပ်သိမ်းရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံကိုယ်စား မိုင်းပျဉ်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဆိုတင်သွင်း
မေ 28, 2020
By Tachileik News Agency
ပြည်သူ့လွှတ်တော် ဥက္ကဌအား တာဝန်မှ ရုပ်သိမ်းရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံကိုယ်စား  မိုင်းပျဉ်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဆိုတင်သွင်း

ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်အား တာဝန်မှ ရုပ်သိမ်းရန် ၂၀၂၀ ခုနှစ်၊ မေလ (၂၈) ရက်နေ့၌ ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လက်မှတ်ရေးထိုးအဆိုတင်ထားသူများတွင်ပါဝင်သည့် မိုင်းပျဉ်းမြို့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က အဆိုတင်သွင်းသည်။

“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံတစ်ပုံဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၁၀) ဦးတို့က ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်ပြီး လက်ရှိပြည်ထောင်စုလွှတ်တော်နာယက တာဝန်ကိုပါ ထမ်းဆောင်လျှက်ရှိတဲ့ ဦးတီခွန်မြတ်အား အောက်ပါ အကြောင်းပြချက်များအရ တာဝန်မှရုပ်သိမ်းပေးပါရန် အဆိုအား တင်သွင်းအပ်ပါတယ်”ဟု မိုင်းပျဉ်းမြို့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က လွှတ်တော်တွင် အဆိုအားတင်ပြသွားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်သူ ဦးတီခွန်မြတ်အား တာဝန်မှရုပ်သိမ်းပေးရန် တင်သွင်းသည့်အဆို၌  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြည်ထောင်စုလွှတ်တော်၌ တင်သွင်းခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို ဦးစွာဆောင်ရွက်နိုင်ရေးအတွက် ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုအား အရေးကြီးအဆိုအဖြစ် လက်ခံခဲ့ခြင်းမှာ စည်းကမ်းချက်နှင့် ကိုက်ညီမှုမရှိဟုလည်း တင်ပြထားခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်သို့ မေလ (၂၇)ရက်နေ့တွင် တင်သွင်းသည့် ယင်းအဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များအနေဖြင့် မေလ (၂၉)ရက်နေ့ ညနေ (၄)နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် လွှတ်တော်အား ဦးဆောင်ကျင်းပသည့်  ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်က ဆုံးဖြတ်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးခွန်တီမြတ်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ခံရသူဖြစ်ပြီး ယခင်ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ၂၀၁၈ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့၌ တာဝန်နှုတ်ထွက်သွားပြီးနောက် ဆက်လက်တာဝန်ယူခဲ့သူဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌအား တာဝန်မှရပ်ဆိုင်းပေးရန် အဆိုတင်သွင်းသည့် မိုင်းပျဉ်းမြို့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးချယ်ခံထားရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~