ကျောက်မဲမြို့တွင် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး ပထမအကြိမ် စစ်ဆေးမှုတွင် ပိုးမတွေ့သော်လည်း ဒုတိယအကြိမ် စစ်ဆေးချက်အရ Covid-19 ပိုးတွေ့

ကျောက်မဲမြို့တွင် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး ပထမအကြိမ် စစ်ဆေးမှုတွင် ပိုးမတွေ့သော်လည်း ဒုတိယအကြိမ် စစ်ဆေးချက်အရ Covid-19 ပိုးတွေ့
ဒီဇင်ဘာ 16, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး ပထမအကြိမ် စစ်ဆေးမှုတွင် ပိုးမတွေ့သော်လည်း ဒုတိယအကြိမ် စစ်ဆေးချက်အရ Covid-19 ပိုးတွေ့
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ အထက ( ၃ )တွင်  Quarantine ထားသော မနလေးမှ ပြန်လာသည့် အသက် (၆၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပထမအကြိမ် RTD Test Kit ဖြင့် စစ်ဆေးစဥ်က ပိုးမတွေ့ခဲ့သော်လည်း ဒုတိယ အကြိမ်အဖြစ် နှာခေါင်း၊ အာခေါင် တို့ဖတ်ယူ၍ စစ်ဆေးရာ ကိုCovid-19 ပိုးတွေ့သဖြင့် ခရိုင်ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင်သို့ ဒီဇင်ဘာ (၁၅) ရက်နေ့က ပို့ဆောင်ကုသနေကြောင်း သိရသည်။
“သူ့အမျိုးသားက ကုန်ကားမောင်းတာ၊ သူကကျတော့ ကားပေါ်လိုက်တာပေါ့၊ အဲ့ဒီမှာ ဒရိုင်ဘာချိန်းပြီး မြို့ထဲ ကုန်ချတဲ့ အဖွဲ့ကိုလဲ contact အဖြစ်ယူထားပြီး နေအိမ်အသွားအလာကန့်သတ်တာတွေ၊ Facility Quarantine မှာ ထားတာတွေလုပ်ထားတယ်၊ ပိုးတွေ့တဲ့ အမျိုးသမီးကိုတော့ ခရိုင်ပြည်သူ့ဆေးရုံ isolation ward မှာ ဆေးကုသမှုခံယူဖို့ ပို့ဆောင်ထားပြီးပါပြီ၊ ပြင်ပ ထိတွေ့မှုမရှိပါဘူး” ဟု ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ကျောက်မဲဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာ (၁၆)ရက်နေ့တွင် ပြောသည်။
၎င်းအမျိုးသမီးသည် ဒီဇင်ဘာ (၆)ရက်နေ့ကစတင်၍ ကျောက်မဲရှိ အမှတ်( ၃ ) အခြေခံပညာအထက်တန်းကျောင်း Quarantine Center ၌ အသွားအလာ ကန့်သတ်ထားသူဖြစ်ကာ ပထမအကြိမ်အဖြစ် ( ၇၂ ) နာရီအတွင်း Test Kit ဖြင့်စစ်ဆေးခဲ့စဥ်က ကိုဗစ်ပိုးမတွေ့ရှိခဲ့ဘဲ ဒုတိယအကြိမ်အဖြစ် တို့ဖတ်နမူနာရယူစစ်ဆေးသည့် အခါမှ ဓါတ်ခွဲ အဖြေ၌ ကိုဗစ်ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းနှင့်ထိတွေ့သူမရှိကြောင်း သိရသည်။ 
အဆိုပါ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ယာဥ်မောင်းနှင့် ၎င်းမောင်းနှင်သည့် ယာဥ်အား ဒရိုင်ဘာ လဲလှယ်၍ မောင်းနှင်ခဲ့သူ၊ ယာဥ်မှ ကုန်များအား လိုက်ချပေးသူများအပါအဝင် ထိတွေ့မှုရှိခဲ့သည့် လူပေါင်း (၁၅)ဦးကိုလဲ အသွားအလာ ကန့်သတ်ထားပြီး ဖြစ်သည်ဟု သိရသည်။
Covid-19 ကာလ စတင်စဥ်ကတည်းကစ၍ ကျောက်မဲတွင် ပိုးတွေ့လူနာ စုစုပေါင်း ( ၁၅ )ဦး ရှိခဲ့ပြီဖြစ်ပြီး (၁၃) ဦးမှာ ရောဂါသက်သာ၍ ဆေးရုံမှဆင်းသွားရပြီဖြစ်ကာ ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံရှိ ကိုဗစ်ပိုးတွေ့သူများ သီးသန့်ကုသဆောင်တွင် လက်ရှိကုသမှုခံယူနေသူ အမျိုးသမီး (၂)ဦးရှိနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - တောင်ပေါ်သားလေး
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~