ဒေါ့ဖုန်းယာန် တိုက်ပွဲတွင် ဒဏ်ရာရသူများကို သယ်ဆောင်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်း တိုက်ခိုက်ခံရ

ဒေါ့ဖုန်းယာန် တိုက်ပွဲတွင် ဒဏ်ရာရသူများကို သယ်ဆောင်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်း တိုက်ခိုက်ခံရ

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ထိန်းချုပ်ဒေသ လိုင်ဇာမြို့အနီးရှိ   ဒေါ့ဖုန်းယာန်တိုက်ပွဲတွင် ဒဏ်ရာရသူများကို သယ်ဆောင်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကို ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် KIAက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း သိရသည်။

ရှေ့တန်းစစ်မြေပြင်မှ ဒဏ်ရာရရှိသူများကို သယ်ဆောင်လာသော အာဏာသိမ်းစစ်ကောင်စီတပ်၏ ယာဉ်(၃)စီးအား  KIA အမှတ်(၄၇)တပ်ရင်း၊ တပ်ဖွဲ့များက ဒေါ့ဖုန်ယာန်ကျေးရွာ အနောက်ဘက် မုန်လိုင်ခ၊ လွယ်ဂျယ် တောင်ရင်းတစ်နေရာ၌ မိုင်း(၄)လုံးဖြင့် ဖောက်ခွဲပြီး လက်နက်များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အများအပြားထိခိုက်သေဆုံးကာ ကား‌ပေါ်ပါလာသည့် လက်နက်ခဲယမ်းများအားလုံးကို သိမ်းဆည်းရမိခဲ့ကြောင်း KIAနှင့်နီးစပ်သူများထံမှ သိရသည်။

လက်နက်မည်မျှသိမ်းဆည်းရရှိခဲ့သည်ကိုမူ ၎င်းက Tachileik News Agencyကို ထုတ်ပြောဆိုခြင်းမရှိပေ။

လိုင်ဇာမြို့အနီးတွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသဖြင့် KIAနှင့် ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ ညပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : KIA စစ်သားများ (ပုံဟောင်း)