သထုံမြိုနယ်နှင့် ဘီးလင်းမြိုနယ်အစပ်ရှိ ကျုံအိတ်တံတား မိုင်းကွဲမှုကြောင့် ပြိုကျ၍ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ  

သထုံမြိုနယ်နှင့် ဘီးလင်းမြိုနယ်အစပ်ရှိ ကျုံအိတ်တံတား မိုင်းကွဲမှုကြောင့် ပြိုကျ၍ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ  

မွန်ပြည်နယ် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ် ကျုံအိတ်တံတား(ရွှေရောင်ပြတံတား) ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၂၉)ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲခံရပြီး တံတားတစ်ခြမ်းပြိုကျကာ ကားများပျက်စီးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သိရသည်။

လက်ရှိတွင် တစ်ခြမ်းကိုသာ မော်တော်ယာဥ်များ သွားလာနိုင်သဖြင့် မော်တော်ယာဥ်များ ပိတ်ဆို့လျက်ရှိကြောင်း သိရသည်။

"မိုင်းခွဲခံရတာပါ။ တံတားတစ်ခြမ်းပျက်စီးသွားတယ်။ ယာဉ်တစ်စီးစာပဲဖြတ်လို့ရ‌တော့လို့ နှစ်ဘက်ယာဉ်ကြောပိတ်ဆို့နေတယ်။ တစ်စီးချင်းစီ သွားနေရတယ်။ မိုင်းပေါက်တဲ့အချိန် ကားတချို့လည်းပျက်စီးသွားတယ်။ ခရီးသွားတစ်ဦးသေပြီး တစ်ဦးထိခိုက်ဒဏ်ရာရတယ်။"ဟု ဘီးလင်းဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက တံတားအနီးတွင် လုံခြုံရေးချထားပြီး ကားတချို့ကို ဖြတ်သန်းခွင့်ပေးနေကြောင်းလည်း သိရသည် အဆိုပါဖောက်ခွဲမှုကို မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကိုမူ မသိရသေးပါ။

#TachileikNewsAgency

Photo : CJ