ဟားခါးမြို့နယ်အတွင်း ရဲတပ်ကြပ်တစ်ဦး လက်နက်အပြည့်အစုံနှင့် CDF ထံ အလင်း ဝင်

ဟားခါးမြို့နယ်အတွင်း ရဲတပ်ကြပ်တစ်ဦး လက်နက်အပြည့်အစုံနှင့် CDF ထံ အလင်း ဝင်
ဖေဖော်ဝါရီ 26, 2023 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း တာဝန်ကျနေသည့် အာဏာသိမ်းစစ်အုပ်စု၏ ရဲတပ်ကြပ်တစ်ဦး ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့က လက်နက်အပြည့် အစုံဖြင့် အလင်းဝင်လာကြောင်း CDF-Hakha က ယနေ့ဖေဖော် ဝါရီလ (၂၆)ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ရဲတပ်ကြပ်သည် G3 သေနတ်တစ်လက်၊ ကျည်အိမ် (၄)ခုနှင့်အတူ အတူအလင်းဝင်လာသဖြင့် ငွေကျပ် သိန်း (၃၀) ဆုချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကလည်း ထန်တလန်မြို့ အခြေစိုက် စစ်အုပ်စု၏ တပ်ရင်း ၂၆၉ မှ တပ်သားနှစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDF-Hakha ထံ အလင်း၀င်လာခဲ့သေး သည်။

၎င်းတို့တွင် MA-3 သေနတ် ( ၂ )လက်၊ ကျည် ( ၆၇၄‌ )တောင့်၊ ကျည်အိမ် ( ၉ )ခု၊ လက်ပစ်ဗုံး ( ၄ )လုံး နှင့်  (၆၀)မမ ဗုံးသီး (၃)ခု ပါလာခဲ့၍ ငွေကျပ် သိန်း ( ၃၀ ) စီဆုငွေချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင် ပေးခဲ့ကြောင်း ထုတ်ပြန်ထားသေးသည်။