စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်၏ ဘော့ကျုံထော့စခန်းကို KNLA က ဝင်ရောက်သိမ်း ပိုက်

Photo: KNU
Photo: KNU
စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်၏ ဘော့ကျုံထော့စခန်းကို KNLA က ဝင်ရောက်သိမ်း ပိုက်
သြဂုတ် 24, 2022 | အခြားဒေသများ

ကရင်ပြည်နယ်၊ လွယ်ဒိုးမြို့ နယ်ရှိ အာဏာသိမ်းစစ်ကောင်စီလက်ခံ BGF ၏ ဘော့ကျုံထော့စခန်းကို KNLA က ဝင်ရောက်သိမ်း ပိုက်ခဲ့ကြောင်း KNLA တပ်မဟာ(၅)က ယနေ့ ဩဂုတ်လ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၎င်းတပ်စခန်းကို တပ်မဟာ (၅)လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက ဩဂုတ်လ (၂၂)ရက်တွင် ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး BFF တပ်သား (၄)ဦးသေပြီး (၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် M 16 (၂)လက်၊ AK 47 (၁)လက်၊ စကားပြောစက် (၂)လုံး၊ လက်ပစ်ဗုံး (၆)လုံး၊ RPG 7  ကျည် (၄)လုံး၊ M16 ကျည်ဘောက် (၁)ခု၊ AK 47 ကျည်ဘောက် (၃)ခုနှင့် နာတိုးစက်လက်နက် (၉၄)တောင့်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သြဂုတ်လ (၂၀)ရက်နေ့ကလည်း အမှတ်(၁၀၁၃)နယ်ခြားစောင့်တပ်(BGF-1013)မှ ဗိုလ်လှကြိုင်က ဒွယ်လိုးမြို့နယ် ကတိုင်တိနှင့် လေးဖိုးထာ့ကျေးရွာ အုပ်စုအတွင်းရှိ ကတိုင်တိ၊ ကိုင်းတော၊ ဘောကျုံထာ့၊ တောသူးကလားနှင့် ဘောကျုံလယ်ကျေးရွာသား ၅၀၀ ခန့်ကို ကမမောင်းမြို့တွင် အတင်းအဓ္ဓ မှတ်ပုံတင်သွားရောက် ရိုက်ယူစေခဲ့ပြီး လူ (၁)ဦးလျှင် ကျပ်(၃)သိန်း တောင်းယူခဲ့ ကြောင်းလည်း  သတင်းထုတ်ပြန်ထားသည်။