မြန်မာအကြမ်းဖက် စစ်ခေါင်းဆောင်နှင့်  ခရစ္စမတ်ကိတ် အတူခွဲပြီး အလှူငွေကျပ်သိန်း(၂၀၀)လက်ခံခဲ့သည့် ကာဒီနယ် ချားလ်စ်ဘို၏  Twitter အကောင့် ပိတ်ခံရ

မြန်မာအကြမ်းဖက် စစ်ခေါင်းဆောင်နှင့်  ခရစ္စမတ်ကိတ် အတူခွဲပြီး အလှူငွေကျပ်သိန်း(၂၀၀)လက်ခံခဲ့သည့် ကာဒီနယ် ချားလ်စ်ဘို၏  Twitter အကောင့် ပိတ်ခံရ
ဒီဇင်ဘာ 25, 2021

အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ပတ်သက်မှုရှိပြီး ခရစ္စမတ် ကိတ်အတူခွဲကာ ကျပ်သိန်း(၂၀၀)အလှူငွေ လက်ခံခဲ့သည့်   ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုအား Twitter တွင် နိုင်ငံတကာမှ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ၎င်း၏ Twitter အကောင့်အား ဒီဇင်ဘာလ(၂၅)ရက်နေ့တွင်  ပိတ်ခံလိုက်ရကြောင့် သိရသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ စိန့်မေရီကယ်သီဒြယ် ဘုရားရှိခိုးကျောင်းအနီးရှိ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီးကာဒီနယ်ချားလ်စ်ဘို၏ ကျောင်းတိုက်တွင်  ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး ခရစ္စမတ်ကိတ်အတူခွဲခြင်း၊ ကျပ်သိန်း(၂၀၀) လှူဒါန်းခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံမှုနှင့်ပတ်သက်၍ အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင်အား လက်ခံတွေ့ဆုံမှုနှင့် ပတ်သက်၍ ကက်သလစ်ဘာသာတူများနှင့် နိုင်ငံတကာကပါ ဝေဖန်မှုများ ပြင်းထန်နေလျက်ရှိသည်ကို တွေ့ရသည်။

ဆက်စပ်သတင်း