အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ် ထန်တလန်မြို့ကို မီးရှို့နေစဉ် ASEAN Heritage & History က ပါးရဲထိုးချင်းအမျိုးသမီးပုံကို ဖေါ်ပြ

 လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ထန်တလန်မြို့တွင်း တစ်နေကုန် မီးလောင်နေစဉ်
လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ထန်တလန်မြို့တွင်း တစ်နေကုန် မီးလောင်နေစဉ်
အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ် ထန်တလန်မြို့ကို မီးရှို့နေစဉ် ASEAN Heritage & History က ပါးရဲထိုးချင်းအမျိုးသမီးပုံကို ဖေါ်ပြ
အောက်တိုဘာ 29, 2021

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ် ထန်တလန်မြို့ကို ယနေ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၉) ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ မြို့တွင်း တစ်နေကုန် မီးလောင်နေစဉ်တွင် ASEAN Heritage & History က ပါးရဲထိုးချင်းအမျိုးသမီးပုံကို ထန်တလန်မီးလောင်နေသည့် နောက်ခံပုံဖြင့် ဖေါ်ပြလာသည်ကို တွေ့ရသည်။

ASEAN Heritage & History က ချင်းအမျိုးသမီးများ ပါးရဲထိုးသည့်ဓလေ့အကြောင်းကို ရေးသားဖေါ်ပြထားသည်ကို တွေ့ရသည်။

 ASEAN Heritage & History

အာဏာသိမ်းစစ်တပ်က ပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေးသွားရသည့် ထန်တလန်မြို့၏ မြို့လယ်ကို ယနေ့ နံနက်ပိုင်းမှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ မြို့တွင်း လူနေအိမ်များ၊ ဘုရားကျောင်းများ တစ်နေကုန်မီးလောင်နေပြီး မီးငြှိမ်းသတ်မှုမရှိကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ထိုးစစ်ဆင်ရာတွင် လူနေရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာများအတွင်း တပ်စွဲခြင်း၊ နေအိမ်များကို မီးရှို့ခြင်းတို့ ပြုလုပ်နေသည်ကို တွေ့ရပြီး လက်ရှိတွင်လည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ ကပေါင်းကျကျေးရွာတွင် အာဏာသိမ်းစစ်တပ်က ကျေးရွာအတွင်း တပ်စွဲပြီး လူနေအိမ်များကို နေ့စဉ်မီးရှို့နေကြောင်း သိရသည်။