တောင်ကိုရီးယားနိုင်ငံတွင် နွေဦးတော်လှန်ရေးဆရာတော်(ဒယ်ဂူးဆရာတော်) ဦးဆောင်သည့် မြန်မာများနှင့် ကိုရီးယားနိုင်ငံသားများက မြန်မာစစ်အာဏာရှင်များကို အလိုမရှိကြောင်း ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံတွင် နွေဦးတော်လှန်ရေးဆရာတော်(ဒယ်ဂူးဆရာတော်) ဦးဆောင်သည့် မြန်မာများနှင့် ကိုရီးယားနိုင်ငံသားများက မြန်မာစစ်အာဏာရှင်များကို အလိုမရှိကြောင်း ဆန္ဒပြ
အောက်တိုဘာ 28, 2021

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူမြို့၏ နာမည်ကြီးတော်လှန်ရေးပန်းခြံ နေရာတွင် နွေဦးတော်လှန်ရေးဆရာတော် ( ဒယ်ဂူးဆရာတော် ဦးဝိသုတ) ဦးဆောင်သည့် မြန်မာများနှင့် ကိုရီးယားနိုင်ငံသားများ စုပေါင်းပြီး မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။



စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုကို ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၈)ရက်နေ့ ကိုရီးယားစံတော်ချိန် ည(၇)နာရီအချိန်က လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံအား စစ်တပ်မှ လက်နက်အားကိုးဖြင့် အာဏာသိမ်းထားမှုကို လက်မခံနိုင်၍ နွေဦးတော်လှန်ရေးဆရာတော် ( ဒယ်ဂူးဆရာတော် ဦးဝိသုတ) ဦးဆောင်ပြီး တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများနှင့် ကိုရီးယားနိုင်ငံသားများသည် အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆန္ဒပြလေ့ရှိကြောင်း သိရသည်။