အမျိုးဘာသာ သာသနာ ထွန်းကားရေးကို လက်သုံးစကားအမြဲဆိုသည့် အာဏာသိမ်းအကြမ်းဖက်အဖွဲ့က ဆန္ဒပြသံဃာများအား ဖမ်းဆီးပြီး ချက်ချင်းလူဝတ်လဲကာ ဖမ်းဆီးချုပ်နှောင်

 အမျိုးဘာသာ သာသနာ ထွန်းကားရေးကို လက်သုံးစကားအမြဲဆိုသည့် အာဏာသိမ်းအကြမ်းဖက်အဖွဲ့က ဆန္ဒပြသံဃာများအား ဖမ်းဆီးပြီး ချက်ချင်းလူဝတ်လဲကာ ဖမ်းဆီးချုပ်နှောင်
အောက်တိုဘာ 2, 2021

 မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်း၌ ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့ နေ့လည်ပိုင်းက ချီတက်ဆန္ဒပြနေသည့် မန္တလေးသမဂ္ဂသပိတ်စစ်ကြောင်းအား အာဏာသိမ်းအဖွဲ့၏ လက်ပါးစေများက ကားဖြင့်တိုက်ကာ ပစ်ခတ် ဖမ်းဆီးမှုကြောင့် သံဃာတော် (၅)ပါး နှင့် လူပုဂ္ဂိုလ်(၃)ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် သံဃာတော်များမှာ  ဥူးသီရိန္ဒ ၊  ဥူးဝီရိဓမ္မ၊ ဥူးသုစိတ္တ၊  ဥူးဝိလာ နှင့် ဥူးရေဝတ တို့ဖြစ်ပြီး ဖမ်းခံရသည့် လူပုဂ္ဂိုလ်(၃)ဦးမှာ ဘုန်းကြီးကျောင်းသားနှင့်တက္ကစီမောင်းသူတို့ ဖြစ်ကြောင်း သိရသည်။

 အမျိုးဘာသာ သာသနာ ထွန်းကားရေးကို လက်သုံးစကားအမြဲဆိုသည့် အာဏာသိမ်းအကြမ်းဖက်အဖွဲ့နှင့် လက်ပါးစေများက ဖမ်းဆီးခံရသည့် သံဃာတော်များကို ချက်ချင်းလူဝတ်လဲပြီး ဖမ်းဆီးကာ စစ်ကြောရေး ပြုလုပ်နေသည်ဟု သိရသည်။

 

မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်းသည် နိုင်ငံ့အာဏာသိမ်းခံရပြီးကတည်းက စတင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နေ့စဉ် ဆန္ဒပြနေရာ ယနေ့ ၂၀၂၁ခုနှစ်အောက်တိုဘာလ(၂)ရက်နေ့သည် မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်း၏ ဆန္ဒထွက်ပြခြင်း ရက်ပေါင်း (၂၃၆)ရက်မြောက်ဖြစ်သည်။

 

 Photo: CJ