ထန်တလန်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဓမ္မအမှုတော်ဆောင်၏ လက်ချောင်းကို ဖြတ်ပြီး အာဏာသိမ်း စစ်တပ်က လက်စွပ်ခိုးသွား

 Photo: Zalen 
Photo: Zalen 
ထန်တလန်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဓမ္မအမှုတော်ဆောင်၏ လက်ချောင်းကို ဖြတ်ပြီး အာဏာသိမ်း စစ်တပ်က လက်စွပ်ခိုးသွား
စက်တင်ဘာ 18, 2021

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့ က အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်မီးလောင်မှုဖြစ်ပွားပြီး နေအိမ်ကိုမီးငြိမ်းရန် လာသည့်  ဓမ္မအမှုတော်ဆောင် Cung Biak Hmun အား သေနတ်ဖြင့် ပစ်သတ်ပြီး လက်ချောင်းဖြတ်ကာ လက်စွပ်ခိုးယူသွားကြောင်း  Zalen သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ဓမ္မအမှုတော်ဆောင် Cung Biak Hmun သည် ထန်တလန်မြို့ Thatalan Christian Baptists Church (TCBC) ဘုရားကျောင်းတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး နေအိမ်အား မီးသတ်ရန်အတွက် လာစဉ် ညနေ(၅)နာရီဝန်းကျင်အချိန်က ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် မြို့ထဲသို့ ပစ်ခတ်မှုကြောင့် ထန်တလန်မြို့ ကျောင်းလမ်းရပ်ကွက်ရှိ လူနေအိမ် (၁၉)လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့   ပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။