နိုင်ငံ့အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြံစည် ကြိုးပမ်းမှုကြောင့် နိုင်ငံ့တာဝန်အား ခေတ္တထိန်းထားတာဖြစ်ကြောင်း ဗိုလ်လောင်းများနှင့် တပ်နယ်ကို အာဏာသိမ်းခေါင်းဆောင်က ရှင်းပြ

 စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၄) စစ်လက်ရုံးရွေးချယ်ပွဲမှ ဗိုလ်လောင်းများနှင့် ထမင်းစားနေစဉ် [ Photo: cincds]
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၄) စစ်လက်ရုံးရွေးချယ်ပွဲမှ ဗိုလ်လောင်းများနှင့် ထမင်းစားနေစဉ် [ Photo: cincds]
နိုင်ငံ့အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြံစည် ကြိုးပမ်းမှုကြောင့် နိုင်ငံ့တာဝန်အား ခေတ္တထိန်းထားတာဖြစ်ကြောင်း ဗိုလ်လောင်းများနှင့် တပ်နယ်ကို အာဏာသိမ်းခေါင်းဆောင်က ရှင်းပြ
စက်တင်ဘာ 15, 2021

နိုင်ငံ့အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြံစည်ကြိုးပမ်းမှုကြောင့် နိုင်ငံ့တာဝန်ကို ခေတ္တထိန်းထားတာဖြစ်ကြောင်း အိမ်စောင့်အစိုးရအဖြစ် အမည်ခံကာ ဝန်ကြီးချုပ်တာဝန်ကို ရယူထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့က ပြင်ဦးလွင်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၄) စစ်လက်ရုံးရွေးချယ်ပွဲ ခရီးစဉ်တွင် တပ်နယ်မှ အရာရှိများနှင့် ဗိုလ်လောင်းများကို တွေ့ဆုံရှင်းပြခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားရှိသည်။

 cincds]

နိုင်ငံတော်အတွက် တပ်မတော်၏ အရေးပါမှုအခန်းကဏ္ဍကို အရာရှိ၊ စစ်သည် မိသားစုများ သိရှိစေရန် အနည်းငယ်ပြောကြားလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်ပွားနိုင်သော မဲစာရင်းကြီးမားစွာ မှားယွင်းမှုများကို စိစစ်တွေ့ရှိရသဖြင့် တာဝန်ရှိသူအဖွဲ့အစည်း အဆင့်ဆင့်က ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး တင်ပြဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သည့် အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့်ရယူရန်ကြံစည်ကြိုးပမ်းမှုများကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် အခြေအနေအဖြစ်ကြေညာကာ ယာယီသမ္မတ၏ တာဝန်လွှဲအပ်ချက်အရ နိုင်ငံတော်၏တာဝန်ကို တပ်မတော်က ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း။

ရှင်းပြထားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုလို ပြင်ဦးလွင်ခရီးစဉ် တစ်ခုတည်းကိုမဟုတ်ဘဲ ဒေသအသီးသီးသို့ သွားရောက်ပြီး တပ်နယ်မိသားစုများနှင့် တွေ့ဆုံသည့် အကြိမ်တိုင်းတွင် ယင်းသို့ အထပ်ထပ်အခါအခါ ရှင်းပြနေခြင်း ဖြစ်သည်ကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

မဲစာရင်းအကြောင်းပြကာ နိုင်ငံ့အာဏာကို လက်နက်အားကိုးဖြင့် သိမ်းလိုက်သော်လည်း ပြည်သူများအား အာဏာသိမ်းခြင်းမဟုတ်ဘဲ အာဏာထိန်းသည်ဟုသာ အမည်သုံးစွဲကာ နိုင်ငံ့အာဏာကို (၁)နှစ်ထိန်းမည်ဟု ပြောပြီးနောက် (၆)လအကြာတွင် အိမ်စောင့်အစိုးရအမည်ဖြင့် အဖွဲ့ဖွဲ့လိုက်ပြီး ၂၀၂၃ခုနှစ် ကုန်ခါနီးအထိ ဆက်လက်ထိန်းထားမည်ဟု အသိပေးထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းထားသည့် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စက်တင်ဘာလ(၁၄)ရက်နေ့အထိ ရက်ပေါင်း(၂၂၆)ရက်အတွင်း ပြည်သူ (၁၀၀၀)ကျော် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသလို လူပေါင်း(၈၀၀၀)ကျော်လည်း ဖမ်းဆီးခံထားရသည်။