မြင်သားကျေးရွာတွင် အာဏာသိမ်းစစ်တပ်က အကြမ်းဖက်သတ်ဖြတ်မှုအတွင်း သေဆုံးရသူ (၁၈) ဦးတွင် (၁၈)နှစ်အောက် (၁၂)ဦးပါဝင်

Graphic: လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
Graphic: လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
မြင်သားကျေးရွာတွင် အာဏာသိမ်းစစ်တပ်က အကြမ်းဖက်သတ်ဖြတ်မှုအတွင်း သေဆုံးရသူ (၁၈) ဦးတွင် (၁၈)နှစ်အောက် (၁၂)ဦးပါဝင်
စက်တင်ဘာ 11, 2021

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ နံနက် (၁၁)နာရီဝန်းကျင်က အာဏာသိမ်းစစ်တပ်က ဝင်ရောက်၍ အကြမ်းဖက်မီးရှို့၊ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကျေးရွာမှ အမျိုးသား (၁၈)ဦး သေဆုံးရသည့်အနက် (၁၈)နှစ်အောက် လူငယ် (၁၂) ဦးပါဝင်ကြောင်း သိရသည်။

အဆိုပါကျေးရွာမှ ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဩ အစီရင်ခံတင်ပြထားရာတွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာသို့

စက်တင်ဘာလ (၉) ရက်၊ နံနက် (၁၁) နာရီခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့  (၃၀) ခန့် ရောက်လာပြီး လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ကာ ရွာတောင်ပိုင်းမှ နေအိမ် (၃၀) ကျော်ကို မီးရှို့ဖျက်စီးခြင်း၊ ရွာသားများကို ဖမ်းဆီးခြင်း၊ အသက် (၁၈) အောက်လူငယ် (၁၂) ဦးအပါအဝင် ရွာသား စုစုပေါင်း (၁၈) ဦးကို အကြမ်းဖက်သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်ဟု တင်ပြထားသည်။

အလောင်းများသည် အစုအပြုံလိုက် သေဆုံးနေခြင်းဖြစ်ပြီး (၈) ဦးခန့်မှာ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုခံရသည့်ဒဏ်ရာများနှင့်  ဦးခေါင်းကို ချိန်၍ ပစ်သတ်ခံထားကြောင်း တွေ့ရှိရသည့်အပြင် သက်ကြီးရွယ်အိုတစ်ဦးမှာ လက်ပြန်ကြိုးတုပ်ခံရကာ ကျောတွင် ရိုက်နှက်ဒဏ်ရာများဖြင့်သေဆုံးခဲ့ကြောင်း တွေ့ရပြီး တစ်ဦးကို ကုလားထိုင်တွင် ကြိုးတုပ်ထားပြီး သေနတ်ဖြင့် ပစ်သတ်ထားခဲ့သည်ကိုလည်း တွေ့ရသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးရသူများစာရင်းကိုလည်း အောက်ပါအတိုင်း ဖေါ်ပြထားသည်ကို တွေ့ရသည်။

(၁) ဦးထွန်းငွေ ၈၀ နှစ်

(၂) ဦးကျော်ဆန်း ၅၀ နှစ်

(၃) ဦးအောင်ငွေ ၅၀ နှစ်

(၄) ဦးအောင်တင် ၅၀ နှစ်

(၅) ဦးရန်အေး  ၅၀ နှစ်

(၆) မောင်ဒို့မောင်မောင် ၃၅ နှစ်

(၇) မောင်ပြည့်ဖြိုးဝင်း ၁၈ နှစ်အောက်

(၈) မောင်ငြိမ်းစည်သူ ၁၈ နှစ်အောက် 

(၉) မောင်ဖြိုးဇော်မင်း ၁၈ နှစ်အောက်

(၁၀) မောင်သက်ထွန်းအောင် ၁၈ နှစ်အောက်

(၁၁) မောင်ရှိုင်းထက်အောင် ၁၈ နှစ်အောက်

(၁၂) မောင်အငယ်လေး ၁၈ နှစ်အောက်

(၁၃) မောင်ထက်နိူင်ဦး ၁၈ နှစ်အောက်

(၁၄) မောင်ပြုံးမောင်မောင် ၁၈ နှစ်အောက်

(၁၅) မောင်ရှိန်ဘုန်းနိူင် ၁၈ နှစ်အောက်

(၁၆) မောင်နိူင်မျိုးထွန်း ၁၈ နှစ်အောက်

(၁၇) မောင်အပုလေး ၁၈ နှစ်အောက်

(၁၈) မောင်အောင်နိုင် ၁၈ နှစ်အောက်

#TachileikNewsAgency

Graphic: လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန