ထောက်ခံစာ လုပ်လိုသည်ဟု ပြောပြီး နေအိမ်အတွင်းဝင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်သတ်သွား

ထောက်ခံစာ လုပ်လိုသည်ဟု ပြောပြီး နေအိမ်အတွင်းဝင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်သတ်သွား
ဇူလိုင် 27, 2021

ထောက်ခံစာ လုပ်လိုသည်ဟု ပြောပြီး နေအိမ်အတွင်းဝင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်သတ်သွား

မန္တလေးမြို့အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်တွင် အာဏာသိမ်းစစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့ ညနေပိုင်းတွင် သေနတ်ဖြင့် (၅) ချက် အပစ်ခံရကြောင်း သိရသည်။

သေသွားပြီလို့ကြားတယ်။ ညနေထဲက အဲဒီနားမှာ စစ်တပ်ကကောင်တွေ ရောက်နေတယ်

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထောက်ခံစာလုပ်လိုသည်ဟုဆိုကာ ၈၉ လမ်းနှင့် ၁၂ လမ်းအနီးရှိ အုပ်ချုပ်ရေးမှူးနေအိမ်တွင် လူနှစ်ယောက်က သေနတ်ဖြင့် (၅) ချက် ဝင်ရောက်ပစ်သတ်သွားကြောင်း သိရသည်။ 

မန္တလေးမြို့တွင် ယနေ့ ဇူလိုင်လ(၂၇)ရက်နေ့ တစ်နေ့တည်းတွင် နေ့လယ်ပိုင်းက မြတောင်သပိတ်စစ်ကြောင်းကို အာဏာသိမ်းအကြမ်းအဖွဲ့၏ ပစ်သတ်မှုကြောင့် အနည်းဆုံး (၂) ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သလို ညနေပိုင်းတွင်လည်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရခြင်း ဖြစ်သည်။

မင်းတဲအီကင်းရပ်ကွက်တွင် ဧပြီလအတွင်းက နေအိမ်များအတွင်းထိ အာဏာသိမ်းအဖွဲ့၏ စစ်တပ်က အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့်အပြင် အကြမ်းဖက်နှိမ်နှင်းမှုအတွင်း ရပ်ကွက်နေပြည်သူတစ်ဦးလည်း မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည်လည်း အာဏာသိမ်းချိန်မှစတင်၍ မကြာခဏမီးရှို့ခံရသည့်ရုံးဖြစ်သည်။

#TachileikNewsAgency