မြစ်ငယ်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မြစ်ငယ်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
ဇူလိုင် 14, 2021

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီက ခန့်ထားသည့် အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် မြစ်ငယ်ဈေးအတွင်း Covid-19 ကာကွယ်ရေးအတွက် Mask များ ဝေနေချိန်တွင် ဆိုင်ကယ်စီး အမည်မသိ အမျိုးသားက လာရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

 အသက်(၅၈)နှစ်အရွယ်ရှိ  အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်ချိုသည် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်း နောက်စေ့ဖောက်ဝင်ဒဏ်ရာရဖြင့် နေရာတွင် သေဆုံးသွားခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။



Photo: CJ