မန္တလေးတိုင်းရဲရုံး ပစ်ခတ်ခံရပြီး ရဲ(၁)ဦး သေ၊ (၃)ဦးဒဏ်ရာရ

မန္တလေးတိုင်းရဲရုံး ပစ်ခတ်ခံရပြီး ရဲ(၁)ဦး သေ၊ (၃)ဦးဒဏ်ရာရ
ဇွန် 22, 2021

မန္တလေးတိုင်းရဲရုံး ပစ်ခတ်ခံရပြီး ရဲတစ်ဦးသေ၊ ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ၆၆ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြားရှိ တိုင်းရဲတပ်ဖွဲ့မှုးရုံးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့ ညနေ ၃ နာရီခွဲကျော်က ဗုံးဖြင့်ပစ်ပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသည့် ရဲ (၄) ဦးအနက် (၁) ဦးသေသည်ဟု သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တိုင်းရဲရုံးဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ တပ်နှင့်ရဲအဖွဲ့က လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးမှုများ လုပ်နေသည်ဟု သိရသည်။

ယနေ့နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်က ချမ်းမြသာစည်မြို့နယ်ဘက်တွင် PDF များ ရောက်နေသည့်နေရာအား လက်နက်ကြီးအပါအဝင် လက်နက်၊ လူအင်အား အများအပြားဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး မြို့တွင်း၌လည်း ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုအတွင်း PDF ဘက်မှ (၈) ဦးကျဆုံးပြီး (၈) ဦးကို ဖမ်းမိသည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ သတင်းမှ ထုတ်ပြန်ထားချက်အရသိရပြီး အာဏာသိမ်းစစ်ကောင်စီတပ်မှ (၂) ဦးသေဆုံးသည်ဟု PDF ဘက်မှ သတင်းအရ သိရသည်။