မန္တလေးတက္ကသိုလ်ဝန်းနှင့် အနီးဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်ဝတ်များဖြင့်ပါ စစ်ဆေးနေ

  မန္တလေးတက္ကသိုလ် - photo: ဝီကီပီးဒီးယား
မန္တလေးတက္ကသိုလ် - photo: ဝီကီပီးဒီးယား
မန္တလေးတက္ကသိုလ်ဝန်းနှင့် အနီးဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်ဝတ်များဖြင့်ပါ စစ်ဆေးနေ
ဇွန် 22, 2021

မန္တလေးမြို့ တက္ကသိုလ်ဝန်း (မိန်းထဲ)တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့ နေ့လယ် (၂) နာရီခွဲဝန်းကျင်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်ရှာဖွေနေပြီး အနီးဝန်းကျင်လမ်းတွင် သွားလာနေသူများကိုလည်း တားဆီးစစ်ဆေးနေသည်။



မိန်းထဲမှာ ရှာဖွေနေကြတယ်။ အင်အားများတယ်။ အဲဒီဘေးနားပတ်လည်အကုန် လာသမျှ တားစစ်နေတယ်။ ဆိုင်ကယ်တွေနဲ့ အရပ်ဝတ်တွေနဲ့လည်း ပတ်နေတယ်

ဟု မန္တလေးဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။



အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်အတွင်း ဝင်စီးရာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် တိုက်ခိုက်မှုများဖြစ်ပွားပြီး မြို့တွင်းကို အင်အားအလုံးအရင်းဖြင့် လိုက်လံစစ်ဆေးနေခြင်းဖြစ်သည်။